သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-17
ပြီးခဲ့တဲ့ နိုဝင်ဘာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာမဲသမာမူတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီးတဲ့ နောက်ရွေးကောက်ပွဲတာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2021-03-17
လှိုင်သာယာနဲ့ ရွှေပြည်သာစက်မှုဇုန်တွေမှာ မတ်လ ၁၄ ရက်နေ့က မီးလောင်သွားတဲ့ စက်ရုံတွေနဲ့ ဂိုထောင်တွေဟာ မြန်မာလုပ်ငန်းရှင်တွေ ပိုင်တဲ့ စက်ရုံတွေ ဂိုထောင်တွေကို တရုတ်ကုမ္ပဏီတွေက ငှားရမ်းလုပ်ကိုင်နေတဲ့ စက်ရုံတွေ ဖြစ်တယ်လို့ စက်ရုံနှစ်ရုံ မီးလောင်ခံလိုက်ရတဲ့ မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
2021-03-17
အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြား MRTV က ဝန်ထမ်း ၆ ဦးကို ဝန်ထမ်းအဖြစ်က ထုတ်ပယ်ကြောင်း နဲ့ ဝန်ထမ်းအိမ်ယာကနေ ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်ကောင်စီက အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
2021-03-17
အသက် ၃၁ နှစ်အရွယ် ကိုကောင်းမြတ်ဟိန်းဟာ ၁၅ ရက်နေ့မှာ ကွယ်လွန်သွားပြီး ၁၆ ရက်နေ့မှာ မိသားစုက သင်္ဂြိုဟ်လိုက်ပါတယ်။
2021-03-16
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု crimes against humanity စွဲချက်နဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေကို crimes against humanity စွဲချက်အတွက် နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲဆိုပြီး၊ အရေးယူနိုင်မယ့် အလားအလာနဲ့ ဘယ်လို အတားအဆီးတွေ ရှိနိုင်သလဲဆိုတာကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် ICJ က ညွှန်ကြားရေးမှူး Kingsley Abbott ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2021-03-16
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ လက်ရှိ စစ်အုပ်ချုပ်ရေးကြေညာထားသလို ရပ်ကွက်တွေ လမ်းတွေတိုင်းမှာ စစ်သားတွေ ချထားတယ်လို့ ဒေသခံပရဟိတ ကျန်းမာရေး လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌတဦးက RFA ကိုပြောပါတယ်။
2021-03-16
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ မတ် ၁၄ ရက်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ၅၀ ကျော်ရှိခဲ့ပါတယ်။
2021-03-15
မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့အနှံ့က ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် သေနတ်ထိမှန်သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေဟာ လှိုင်သာယာပြည်သူ့ဆေးရုံအပြင် လှိုင်သာယာက ပုဂ္ဂလိကဆေးရုံကိုလည်း ရောက်လာခဲ့ပါတယ်။
2021-03-12
ရန်ကုန်မြို့က စစ်ကောင်စီကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ၆ ဦးကို ပုဒ်မ ၅၀၅ (က)နဲ့ စမ်းချောင်းမြို့နယ်နဲ့ ကမာရွတ်မြို့နယ် တရားရုံးတွေမှာ ဒီနေ့ မတ်လ ၁၂ ရက်နေ့မှာ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ပထမဆုံးအကြိမ် ရုံးချိန်းထုတ်ခဲ့ပါတယ်။
2021-03-11
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ထဲမှာ မတ်လ ၁၁ ရက် ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွဲခဲ့လို့ တစ်ဦးသေဆုံးခဲ့ပါတယ်။ ၂၅ နှစ်အရွယ် ကိုချစ်မင်းသူဟာ ဦးခေါင်းကို သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့တာပါ။
2021-03-11
ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အခြေအနေတွေ မရှိသေးပေမယ့် နေရပ်ပြန်ဖို့ ဖိအားပေး ခံနေရတာတွေလည်း ကြုံတွေ့နေရတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က ပြောလိုက်ပါတယ်။
2021-03-10
ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို အာဏာသိမ်း စစ်ကောင်စီက မြန်မာပြည်ပြန်လာဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဦးကျော်စွာမင်း ဘာဆက်လုပ်မှာပါလဲ....။
2021-03-09
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် အလုပ်လုပ်ကိုင်ခဲ့တဲ့ ကိုဂျမား ခေါ် ကိုအေးမင်းဦးကို မနေ့ ညနေက ညနေက စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၂၀လောက်က ပဲခူးမြို့က နေအိမ်မှာ လာရောက်ပြီး ဖမ်းဆီးသွားခဲ့ပါတယ်။
2021-03-09
ရန်ကုန် ရွှေပြည်သာမြို့နယ် NLD ပါတီဝင် ဦးဇော်မြတ်လင်း မနေ့က သေဆုံးတဲ့အကြောင်း ရဲစခန်းက လူကိုယ်တိုင် သတင်းလာပို့ခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းက RFA ကို ပြောပါတယ်။