ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဖမ်းဆီးခံရ

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.03.09

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် အလုပ်လုပ်ကိုင်ခဲ့တဲ့ ကိုဂျမား ခေါ် ကိုအေးမင်းဦးကို မနေ့ ညနေက ညနေက စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၂၀လောက်က ပဲခူးမြို့က နေအိမ်မှာ လာရောက်ပြီး ဖမ်းဆီးသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ NLD ပါတီနဲ့ ပတ်သက်သူ အစ္စလာမ် ဘာသာဝင်အချို့ကို ဖမ်းဆီးထားစဉ်မှာ သေဆုံးမှုတွေရှိနေတဲ့အတွက် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ကိုဂျမားအတွက် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ကိုဂျမားရဲ့ မိသားစုဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။