စက်ရုံနှစ်ရုံ မီးလောင်ဆုံးရှုံးခဲ့တဲ့ မြန်မာလုပ်ငန်းရှင်
ကိုဂျေ(ဝါရှင်တန်ဒီစီ)
2021.03.17
2021.03.17
လှိုင်သာယာနဲ့ ရွှေပြည်သာစက်မှုဇုန်တွေမှာ မတ်လ ၁၄ ရက်နေ့က မီးလောင်သွားတဲ့ စက်ရုံတွေနဲ့ ဂိုထောင်တွေဟာ မြန်မာလုပ်ငန်းရှင်တွေ ပိုင်တဲ့ စက်ရုံတွေ ဂိုထောင်တွေကို တရုတ်ကုမ္ပဏီတွေက ငှားရမ်းလုပ်ကိုင်နေတဲ့ စက်ရုံတွေ ဖြစ်တယ်လို့ စက်ရုံနှစ်ရုံ မီးလောင်ခံလိုက်ရတဲ့ မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စက်ရုံတွေကို မီးရှိုခဲ့သူတွေဟာ အနက်ရောင်ဝတ်စုံတွေပြီး ဝတ်ထားတဲ့ ဆိုင်ကယ်စီး တုတ်ဓါးကိုင် လူရမ်းကားတွေ ဖြစ်တယ်လို့ ပြောပါတယ်။ စက်ရုံမီးလောင်ခံလိုက်ရတဲ့ အဲဒီ လုပ်ငန်းရှင်ကို RFA ဝိုင်းတော်သား ကိုဂျေက ဆက်သွယ်မေးမြန်းထားပါတယ်။