NLD ပါတီဝင် ဦးဇော်မြတ်လင်း ဖမ်းဆီးခံရပြီး သေဆုံးမှု
နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2021.03.09
2021.03.09
ရန်ကုန် ရွှေပြည်သာမြို့နယ် NLD ပါတီဝင် ဦးဇော်မြတ်လင်း မနေ့က သေဆုံးတဲ့အကြောင်း ရဲစခန်းက လူကိုယ်တိုင် သတင်းလာပို့ခဲ့တယ်လို့ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းက RFA ကို ပြောပါတယ်။
စုအသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ) တာဝန်ခံ ဦးဇော်မြတ်လင်းဟာ မတ်လ ၈ ရက်နေ့ညက ဖမ်းဆီးခံခဲ့ရတာပါ။ ဦးဇော်မြတ်လင်းရဲ့ ရုပ်အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံမှာ သွားကြည့်ခဲ့တဲ့ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်းကို RFA ဝိုင်းတော်သူ မနန္ဒာချမ်း က ဆက်သွယ်မေးမြန်းထားပါတယ်။