သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-08
ဒီလိုအတည်ပြုလိုက်ရင် ပြည်သူအများစုလိုလားတောင်းတနေတဲ့ ဖက်ဒရယ် တပ်မတော်တရပ် အမြန်ဆုံး ဖြစ်လာနိုင်မယ်လို့ KNU တပ်မဟာ ၅ နယ်မြေ ပြောခွင့်ရ ပဒိုမန်းမန်းက RFA ကိုပြောပါတယ်။
2021-04-08
စစ်ကောင်စီလက်အောက်ခံ စစ်သံမှူးနဲ့အုပ်စု ဧပြီလ ၇ ရက်နေ့မှာ ဝင်ရောက်ထိန်းချုပ်လိုက်တဲ့ လန်ဒန်မြို့ မြန်မာသံရုံးက သံအမတ်ကြီးဦးကျော်စွာမင်းက ဧပြီ ၈ ရက်နေ့မှာတော့ CDM မှာ ပါဝင်ကြောင်း လက်သုံး ချောင်းထောင်ပြီး ပြောပါတယ်။
2021-04-08
မြန်မာစစ်တပ်ဟာ ဆန္ဒပြပြည်သူတွေကို အင်အားသုံး ဖြိုခွင်းတဲ့ လုပ်ရပ်တွေအတွက် နာမည်ဆိုးနဲ့ ကျော်ကြားနေပေမယ့် စစ်ရေးစွမ်းရည်အရတော့ အင်အား တောင့်တင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေဆဲ ဖြစ်တဲ့အပြင်၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ လူအင်အား၊ လက်နက်အင်အား နှစ်မျိုးလုံးအရ တပ်မတော်ကို ယှဉ်နိုင်ဖို့ အများကြီးလိုသေးတယ်လို့ ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ စစ်တပ်ကို လေ့လာစောင့်ကြည့်နေတဲ့ IHS Janes စစ်ရေး မဂ္ဂဇင်းက စစ်ရေးလေ့လာသုံးသပ်သူ Anthony Davis က ပြောပါတယ်။
2021-04-07
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်တွေကို အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ မနေ့ကတိုက်ပွဲတွေအတွင်း ပြည်သူ ၁၁ ဦးသေဆုံးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့တွေဖက်ကလည်း ကျဆုံးဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။
2021-04-07
လန်ဒန်မြို့ မြန်မာသံရုံးမှာ သံအမတ်ကြီးဦးကျော်စွာမင်း အပြင်ကိုထွက်သွားချိန်မှာ စစ်သံမှူး ဗိုလ်မှူးကြီးစိုးအောင်သံရုံးကို ရောက်ရှိလာပြီး ဦးကျော်စွာမင်းကို သံရုံးအတွင်းအဝင်မခံတော့ပါဘူး။
2021-04-07
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က မြန်မာသံရုံးကို မြန်မာစစ်သံရုံးက စစ်သံအမတ်ကြီး ဦးဆောင်တဲ့အဖွဲ့က ဝင်ရောက် သိမ်းပိုက်လိုက်ပါတယ်။ အခုမေးမြန်းနေတဲ့အချိန်ထိ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို သံရုံးထဲ ဝင်ခွင့်မပေးသလို သံရုံးထဲ ရှိနေသူတွေကိုလည်း တံခါးသော့ခတ်ပြီး အပြင်ထွက်ခွင့်မပေးပါဘူး။
2021-04-07
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဧပြီလ ၅ ရက်နေ့က အကြမ်းဖက်ဖြိုခွဲခံရပြီး ၃ ယောက် သေဆုံးခဲ့ပါတယ်။ အခုချိန်မှာ စစ်တပ်တွေ ဝင်ရောက် တပ်စွဲလာတာကြောင့် မြို့နေပြည်သူ တစ်ထောင်ကျော် တိမ်းရှောင်နေရပါတယ်။
2021-04-07
အာဏာသိမ်းစစ်ကောင်စီကို အရေးယူဖို့နဲ့ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ မြန်မာအလှမယ် ဟန်လေးက ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Miss Grand International နိုင်ငံတကာအလှမယ်ပြိုင်ပွဲ စင်မြင့်ထက်ကနေ တောင်းဆိုလိုက်ပါတယ်။
2021-04-07
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ဒေါက်တာ ဆာဆာ၊ ဦးကျော်မိုးထွန်းတို့ရဲ့ မြန်မာပြည်ပကနေ ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံတကာက ပါဝင်ပတ်သက်မှု အခြေအနေတွေနဲ့ ပြည်တွင်းက လှုပ်ရှားမှုတွေအပေါ် လူငယ်တွေရဲ့ သဘောထား မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး မုံရွာမြို့ သပိတ်ခေါင်းဆောင် ကျောင်းသား ကိုဝေမိုးနိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
2021-04-06
အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ နဲ့ပတ်သက်ပြီး အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ BEGSC နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ ဧပြီလ ၁ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။
2021-04-06
ပုဒ်မ ငါးခုနဲ့ စွပ်စွဲတရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီဘက်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်ရပ်နားခိုင်းတဲ့အထိ အဆိုးဆုံးအရေးယူနိုင်ခြေရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို RFA ဝိုင်းတော်သား စောဖိုးခွားက ဆက်သွယ်မေးမြန်းထားပါတယ်။
2021-04-05
ရန်ကုန်တိုင်း မင်္ဂလာဒုံဈေးမှာ ဧပြီလ ၂ ရက်နေ့က CNN သတင်းထောက်နဲ့ စကားပြောလိုက်လို့ အဖမ်းခံရတဲ့သူ ၁၀ ယောက်လောက်ရှိပြီး တချို့က အဖမ်းခံရမှာ စိုးရိမ်ထိတ်လန့်ပြီး ရှောင်ပုန်းနေရပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ မိသားစုတွေနဲ့ အဆက်အသွယ်မရသေးတာကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ ရှောင်ပုန်းနေရတဲ့သူတွေထဲက အမည်လွှဲပေးထားတဲ့ မမော်ဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။
2021-04-03
လူငယ်တွေ ဦးဆောင်ထုတ်လွှင့်နေတဲ့ FM ရေဒီယိုလိုင်းတစ်ခုဖြစ်တဲ့ "ဖက်ဒရယ် FM" ဟာ တရားဝင်ခွင့်ပြုချက်ယူပြီး ထုတ်လွှင့်နေတဲ့ အဖွဲ့အစည်း မဟုတ်တာကြောင့် အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံပိုင်သတင်းစာကနေ ဒီနေ့ ကြေညာပါတယ်။
2021-04-02
မုံရွာမြို့မှာ စစ်ကောင်စီကြောင့်သေဆုံးရတဲ့သူ အနည်းဆုံး ၁၅ ယောက်ရှိနေပြီး၊ အဖမ်းခံရတဲ့သူက ၃၀ ကျော်ရှိနေပါတယ်။ အဲဒီထဲမှာ ဗကသ၊ တကသ ကျောင်းသားမဂ္ဂခေါင်းဆောင်တွေလဲပါဝင်ပြီး သူတို့ကို ပုဒ်မ ၅၀၅(က) နဲ့တရားစွဲထားတယ်လို့ သိရပါတယ်။
2021-04-01
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ရဲစခန်းက ရဲတပ်သား ကိုသန့်ဇင်အောင်ဟာ ဆန္ဒပြ ပြည်သူတွေနဲ့ သတင်းသမားတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ မလုပ်ချင်တဲ့အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ရဲ့ နယ်မြေမှာ လောလောဆယ် ခိုလှုံနေပါတယ်။