"ဖက်ဒရယ် FM" ကို အရေးယူမယ်လို့ စစ်ကောင်စီကြေညာ

2021.04.03

လူငယ်တွေ ဦးဆောင်ထုတ်လွှင့်နေတဲ့ FM ရေဒီယိုလိုင်းတစ်ခုဖြစ်တဲ့ "ဖက်ဒရယ် FM" ဟာ တရားဝင် ခွင့်ပြုချက်ယူပြီး ထုတ်လွှင့်နေတဲ့ အဖွဲ့အစည်း မဟုတ်တာကြောင့် အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီ က နိုင်ငံပိုင်သတင်းစာကနေ ဒီနေ့ ကြေညာပါတယ်။

စစ်ကောင်စီက အင်တာနက်တွေဖြတ်ပြီး သတင်းအမှောင် ချထားချိန်မှာ ရေဒီယိုကိုသာ အားထား နားထောင် ရတော့မယ့် အချိန် ပြန်ရောက်လာတာမို့ မြန်မာပြည် ဒီမိုကရေစီအရေး တောင်းဆိုတိုက်ပွဲဝင်တဲ့ သတင်းတွေ ကို အဓိကထုတ်လွှင့်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီရေဒီယိုလိုင်းကို လူငယ်တွေက ဦးဆောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

နည်းပညာပိုင်း ကျွမ်းကျင်သူတွေနဲ့ သတင်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ ပူးပေါင်းလုပ်ဆောင်နေကြတာလို့ ရေဒီယိုလိုင်း ဦးဆောင်တည်ထောင်သူ တစ်ဦးက ပြောပါတယ်။

"ဖက်ဒရယ် FM" ရေဒီယိုလိုင်းကို မတ်လ ၂၇ ရက်နေ့က စပြီး ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့် ပေးနေပြီး ၉၀.၂ မက်ဂါဟက်ဇ် (90.2 MHz) ကနေ ဖမ်းယူနိုင်တယ်လို့ဆိုပါတယ်။

"ဖက်ဒရယ် FM" ဦးဆောင်တည်ထောင်တဲ့ Generation-Z လူငယ်တွေထဲက လုံခြုံရေးအရ အမည် မဖော်လို တဲ့ တည်ထောင်သူတစ်ဦးကို RFA ဝိုင်းတော်သား စောဖိုးခွားက မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။