လန်ဒန်က မြန်မာသံရုံးကို စစ်သံရုံးကလူတွေ ထိန်းချုပ်ထား
ခက်မာ(ဝါရှင်တန်ဒီစီ)
2021.04.07
2021.04.07
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က မြန်မာသံရုံးကို မြန်မာစစ်သံရုံးက စစ်သံမှူး ဦးဆောင်တဲ့အဖွဲ့က ဝင်ရောက် သိမ်းပိုက်လိုက်ပါတယ်။ အခုမေးမြန်းနေတဲ့အချိန်ထိ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို သံရုံးထဲ ဝင်ခွင့်မပေးသလို သံရုံးထဲ ရှိနေသူတွေကိုလည်း တံခါးသော့ခတ်ပြီး အပြင်ထွက်ခွင့်မပေးပါဘူး။
သံအမတ်ကြီးက ဖုန်းဆက်လှမ်းခေါ်လို့ သံရုံးရှေ့မှာ သံအမတ်ကြီးနဲ့ အတူရှိနေသူ လန်ဒန်မြို့ခံ ကိုဘာဘားကို RFA ဝိုင်းတော်သူ မခက်မာ ဆက်သွယ်ပြီး အခြေအနေတွေကို မေးမြန်းထားပါတယ်။