သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-05
ပြီးခဲ့တဲ့ စနေနေ့က Ooredoo ကုမ္ပဏီက ဆင်းကတ်တွေ ရောင်းချတာနဲ့ပတ်သက်ပြီး ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားတွေကို ဆိုနီတယ်လီဖုန်ုး တစ်လုံးစီလက်ဆောင်ပေးခဲ့ပါတယ်။
2014-08-04
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ၁၀ ပါတီက ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
2014-08-02
နေပြည်တော် ပြည်သူ့လွှတ်တော်မှာ အငြင်းပွားစရာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် အဆိုပြုချက်ပေါ်ပေါက်လာပြီးနောက် မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲစနစ်သစ်တစ်ခုကို လေ့လာသုံးသပ်ဖို့ဆိုပြီး ကော်မရှင်သစ်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။
2014-07-30
မြန်မာနိုင်ငံမှာ PR လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးအတွက် ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းသူ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို RFA ဝိုင်းတော်သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-07-29
ကေအိုင်အိုဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့က NCCT အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီနေ့မှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-07-29
အခြေခံဥပဒပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကိုပြည်သူတွေ ပိုပြီးသိရှိ နားလည်စေဖို့ အတွက် ဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီး ပြည်သူတွေကို အခမဲ့ အသိပညာပေး ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ ဟာသသရုပ်ဆောင် ဇာဂနာ (ခ) ဒါရိုက်တာ ဦးသူရက ပြောပါတယ်။
2014-07-27
ဦးပိုင်နဲ့တရုတ်ဝမ်ပေါင်ကုမ္ပဏီဘက်က ရဲတပ် ဖွဲ့ဝင်တွေနဲ့လက်ပံတောင်းဒေသခံတွေဖြစ်တဲ့ပဋိပက္ခမှာ ရဲတပ်ဖွဲ့ဘက်ကဒဏ်ရာရသူရှိသလို ရွာသားတွေ ဘက်ကလဲ ဒဏ်ရာရသူတွေရှိတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရွာသားတစ်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါပြီ။
2014-07-27
အစိုးရဝန်ကြီးတွေနဲ့ ရခိုင် အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး၊ ပွဲတက်ရောက်ခဲ့သူ ဒေသခံတစ်ဦးကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2014-07-27
မြန်မာသတင်းနဲ့ မီဒီယာများကို အကာအကွယ်ပေးရေးနဲ့ ပတ်သက်ပြီး မီဒီယာဖိုရမ်တစ်ခုကို မနေ့က ရန်ကုန်မြို့ ယုဇနဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။
2014-07-26
ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ဒီကနေ့ကျင်းပခဲ့တဲ့ မီဒီယာဖိုရမ် အစည်းအဝေးအကြောင်း အပါအဝင်၊ မြန်မာနိုင်ငံ သတင်းမီဒီယာလောက လက်ရှိအခြေအနေ၊ အနာဂါတ်အလားအလာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-07-25
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် နောင်မွန်မြို့နယ်အတွင်းမှာရှိတဲ့ အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီရေခဲတောင်ကို တက်ဖို့ တက္ကသိုလ်ခြေလျင်နဲ့တောင်တက်အသင်း အဖွဲ့ဝင် ၈ဦးဟာ လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့က စတင်ထွက်ခွာတော့မှာဖြစ်ပါတယ်။
2014-07-24
အငြင်းပွားစရာဖြစ်လာတဲ့ PR အချိုးကျကိုယ်စားပြုစနစ် အပါအဝင် မြန်မာ့နိုင်ငံရေး ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးစာပေတွေရေးသားနေတဲ့ စာရေးဆရာ ဦးကျော်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-07-22
နိုင်ငံရေးပါတီတွေ ထောက်ပြကန့်ကွက်နေ တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်ကို လတ်တလောမှာ ပြင်ဆင်ဖို့ အစီအစဉ်မရှိဘူးလို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ပြောပါတယ်။
2014-07-21
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ခူအူနဲ့ ပန်ဆိုင်မြို့အကြား လုံပကျေးရွာအနီးမှာ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရစစ်တပ်က ခြေမြန်တပ်ရင်း ၂၄၇၊ ၂၄၈ တို့ မနေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
2014-07-20
NBF ခေါ် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့က လက်ရှိ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်အပေါ် ရာနှုန်းပြည့် အယုံအကြည်မရှိတဲ့အကြောင်း ပြောကြားလိုက်သလို တိုင်းရင်းသားပြည်သူတွေ ယုံကြည်ရတဲ့သူတွေနဲ့ အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ အစိုးရကို တောင်းဆို လိုက်ပါတယ်။