ပုဒ်မ ၄၃၆ ပညာပေးဇာတ်လမ်း စီစဉ်နေတဲ့ ဒါရိုက်တာ ဦးသူရနဲ့ မေးမြန်းချက်


2014.07.29

အခြေခံဥပဒပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကိုပြည်သူတွေ ပိုပြီးသိရှိ နားလည်စေဖို့ အတွက်  ဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီး ပြည်သူတွေကို အခမဲ့ အသိပညာပေး ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ ဟာသသရုပ်ဆောင် ဇာဂနာ (ခ)  ဒါရိုက်တာ ဦးသူရက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ ဆန့်ကျင်နေတာကြောင့် ဒီဥပဒေတွေထဲက ပြင်ဆင်သင့်တာတွေကို ပြည်သူတွေကို အသိပညာပေးဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇာတ်လမ်းတွဲတွေကို ဒါရိုက်တာဝိုင်းက ဦးဆောင်ရိုက်ကူးမှာဖြစ်ပြီး လူရွှင်တော် ဇာဂနာ (ခ) ဦးသူရက ဇာတ်ညွန်းရေးသားကာ ဒါရိုက်တာကြည်ဖြူသျှင်က ထုတ်လုပ်သွားမှာဖြစ်သလို အနုပညာရှင်တွေကလဲ အခမဲ့ပါဝင်ကူညီထားတယ်လို့လဲ ပြောပါတယ်။

ဒီ ပုဒ်မ ၄၃၆ အသိပညာပေး အစီအစဉ်နဲ့ပတ်သက်ပြီး လူရွှင်တော် ဇာဂနာ ကို မခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။