ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး နဲ့ မြန်မာနိုင်ငံရှေ့ရေး မေးမြန်းချက်
2014.08.02
နေပြည်တော် ပြည်သူ့လွှတ်တော်မှာ အငြင်းပွားစရာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် အဆိုပြုချက်ပေါ်ပေါက်လာပြီးနောက် မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲစနစ်သစ်တစ်ခုကို လေ့လာသုံးသပ်ဖို့ဆိုပြီး ကော်မရှင်သစ်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီလုပ်ငန်းစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာရော၊ အများပြည်သူကြားမှာပါ မကြံစဖူး ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားခဲ့ရတာနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေမှာ အဓိကပါဝင်ခဲ့သူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြပါလိမ့်မယ်။