သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-24
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်နဲ့ ပန်းဘဲတန်း မြို့နယ်အတွင်းက ကြိုက်တာယူ ၅ ထောင် အရောင်း ဆိုင်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အစီရင်ခံစာ တင်သွင်းဖို့ ပြင်ဆင်နေပြီလို့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောပါတယ်။
2016-12-24
မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်မှာ ဒီရက်ပိုင်း ကားလမ်းပိတ်ဆို့တာ မကြာခဏဖြစ်နေတဲ့အတွက် ကုန်သွယ်ရေးလမ်းကြောင်း မှာ နှောင့်နှေးပြီး တရုတ်နိုင်ငံကို တင်ပို့ရောင်းချရမယ့် သစ်သီးကုန်တွေဟာ လမ်းခရီးမှာ မလတ်ဆတ်ဘဲ ပုပ်တာတွေကြောင့် ရောင်းပန်းမလှဘဲ ပျက်စီးဆုံးရှုံးတာတွေ ဈေးနှိမ်ခံရတာတွေ ကြုံတွေ့နေရပါတယ်။
2016-12-24
ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပန်လုံကျေးရွာတဝိုက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တို့အကြား မနေ့က မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
2016-12-24
တောင်ကြီးမြို့နယ်၊ ရေပူကျေးရွာနဲ့ ကွမ်လုံကျေးရွာတွေမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ဝင်ရောက်ထွန်ယက်ခဲ့တဲ့ တောင်သူ ၇ဝ ကျော်ကို ပိုင်နက်ကျူးလွန်မှု တောင်ကြီးမြို့နယ် တရားရုံးက မနေ့ကအလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်လစီ ချမှတ်လိုက်ပါတယ်။
2016-12-23
ရခိုင်ပြည်နယ်၊ မောင်တောမြို့ခရီးစဉ်အတွင်း ပြည် တွင်း၊ ပြည်ပ သတင်းမီဒီယာတွေကို အင်တာဗျူးဖြေ ကြားခဲ့တဲ့ ငခူရကျေးရွာမှ မွတ်စလင်အမျိုးသား တစ်ဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည် နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2016-12-23
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ရှိတယ်လို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2016-12-23
၂၀၁၆ ခုနှစ်အတွက် တစ်ဦးချင်းကားတင်သွင်းခွင့် လျှောက်ထားတာတွေကို သတ်မှတ်ရက်ထက်စောပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရပ်ဆိုင်းလိုက်ကြောင်း မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာပါတယ်။
2016-12-22
ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး နမ္မတူမြို့နယ်က ပန်လုံကျေးရွာနဲ့ သီပေါမြို့နယ်က မန်လွယ်ကျေးရွာအနီးတဝိုက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်း လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အနီးနားကျေးရွာတွေက ဒေသခံတစ်ထောင်ကျော်ဟာ သီပေါမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
2016-12-22
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က မကွေးတိုင်း ဂန့်ဂေါမြို့နယ်က မင်းရွာအပါအဝင် အနီးနားရွာတချို့မှာ စုန်းအတတ်ကို တစ်ဖက်ကမ်းခတ်သူတွေ ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
2016-12-20
ငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက် နိုင်ငံတကာကနေ ကူညီထောက်ပံ့ပေးတဲ့ ငွေကြေးတွေကို ထိထိရောက်ရောက်နဲ့ မျှမျှတတသုံးစွဲနိုင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ကို ဒီနေ့ဖွဲ့စည်းလိုက်ပါတယ်။
2016-12-20
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ်တွေမှာ သွားရောက်သတင်းရယူကြမယ့် ပြည်တွင်းပြည်ပသတင်းမီဒီယာ ၁၃ ဖွဲ့ဟာ ဒီကနေ့ နေ့လည်ပိုင်းက ဘူးသီးတောင်မြို့ကို ရောက်ရှိခဲ့ပါတယ်။
2016-12-20
ကမ္ဘာအရပ်ရပ်မှာ ရေဒီယို၊ ရုပ်သံနဲ့ ပုံနှိပ် သတင်းမီဒီယာသင်တန်းတွေ ဖွင့်လှစ်ပို့ချနေတဲ့ အမေရိကန် အခြေစိုက် Internews က မြန်မာနိုင်ငံမှာလည်း သင်တန်းတွေပေးနေပါတယ်။
2016-12-20
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ TNLA အဖွဲ့နဲ့ RCSS / SSA အဖွဲ့တွေ ဒီနေ့ မနက်က တိုက်ပွဲ ဖြစ်ပွားခဲ့ တာကြောင့် သီပေါမြို့ပေါ်ကို ထွက်ပြေးလာ သူတွေ ရှိနေပါတယ်။
2016-12-20
လာမယ့်နှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေထဲမှာ အရင်အစိုးရအဖွဲ့မှာ တာဝန်ယူ ဆောင်ရွက် ဖူးတဲ့ ဝန်ကြီးဟောင်းတွေနဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ မပါဝင်ဘဲ လစ်လပ်မဲဆန္ဒနယ်တွေက ဒေသခံတွေကို သာ ရွေးချယ်ထားတာ ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။
2016-12-20
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းရွာမှာရှိတဲ့ တကောင်းနီကယ်စက်ရုံ မြန်မာအလုပ် သမားတွေဟာ တရုတ်အလုပ်သမားတွေနဲ့တန်းတူ အခွင့်အရေး ရရှိဖို့အတွက် မနေ့က စက်ရုံရှေ့မှာ ဆန္ဒပြခဲ့ကြပြီး ဒီနေ့ လုပ်ငန်းခွင် ဝင်ရာမှာ လက်ပတ်စိမ်းတွေပတ်ပြီး အလုပ်သမားအခွင့်အရေး အတွက် တောင်းဆိုရင်း အလုပ်လုပ်ကိုင်နေကြတယ်လို့ စက်ရုံဝန်ထမ်း ကိုတင်မျိုးထွန်းက ပြောပါတယ်။