သီပေါမြို့နယ်မှာ RCSS/SSA နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွား
2016.12.20
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ TNLA အဖွဲ့နဲ့ RCSS / SSA အဖွဲ့တွေ ဒီနေ့ မနက်က တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် သီပေါမြို့ပေါ်ကို ထွက်ပြေးလာ သူတွေ ရှိနေပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။