သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-15
သတင်းမီဒီယာတွေကို ကြပ်မတ်ပေးဖို့ ဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်ကို သြဂုတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ခဲ့ပါတယ်။ အဲဒီ့စာထဲမှာ သတင်းမီဒီယာတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှု၊ သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေကို လူမှုကွန်ရက်တွေ၊ ဂျာနယ်တွေမှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ဖြန့်နေကြောင်းနဲ့ စိတ်ငြိုငြင်အောင်၊ ဒေါသဖြစ်အောင်နဲ့ အသရေကို နစ်နာအောင် ပြုလုပ်တာတွေရှိတယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။
2018-08-15
Facebook, Internet စာမျက်နှာတွေကနေ အာဏာရပါတီရဲ့ အစိုးရထိပ်တန်းခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ဝင်တွေကို အကြည်ညိုပျက်အောင်ရေးသားတာတွေကို ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး တရားစွဲဖို့ဆိုတဲ့ မကွေးတိုင်း NLD ပါတီရဲ့ ထုတ်ပြန်ကြေညာချက် ဟာ ပါတီဗဟိုက ညွှန်ကြားတာ မဟုတ်ဘူးလို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။
2018-08-14
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၆ ခုမှာ မိုးကြီးနိုင်ပြီး သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ငဝန်မြစ်၊ ဘီးလင်းမြစ်တွေ မှာလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက် ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2018-08-14
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အကြမ်းဖက်လုပ်ဆောင်ခဲ့တဲ့ ARSA အဖွဲ့ကို ချန်လှပ်ကာ နိုင်ငံတကာက မြန်မာအစိုးရအပေါ် အပြစ်ပုံချခြင်းဟာ တဖက်သတ် လုပ်ရပ်သာဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက ပြောလိုက်ပါတယ်။
2018-08-14
နိုင်ငံခြားငွေ ရောင်းဝယ်ရာမှာ ဗဟိုဘဏ်ရဲ့ရည်ညွှန်းငွေလဲနှုန်း ဝ.၈% အတွင်း ရောင်းဝယ်ဖို့ သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ကြောင်း သြဂုတ်လ ၁၃ ရက်နေ့မှာ ဗဟိုဘဏ်က ကြေညာလိုက်ပါတယ်။ အဲဒီလို ပယ်ဖျက်လိုက်တဲ့အတွက် ဈေးကွက်ထဲမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ တစ်သမတ်တည်း ဖြစ်သွားနိုင်တဲ့အတွက် ဒီဆောင်ရွက်ချက်ကို ထောက်ခံတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင်နဲ့ ဘဏ်လုပ်ငန်းအကြံပေးပညာရှင် ဦးရဲမင်းဦးက ပြောပါတယ်။
2018-08-14
၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲထက် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသား ဒေသတွေမှာပါ အောင်မြင်မှု ရရှိဖို့အတွက် NLD ပါတီက ဗဟိုအောင်နိုင်ရေးကော်မတီ ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
2018-08-13
ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် မူစလင်ဒုက္ခသည်တွေကို ပြန်ပို့ရေး အစီအစဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ ်နိိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာအစိုးရတို့ အချက် ၈ ချက်ကို သဘောတူညီ ခဲ့ကြပါတယ်။
2018-08-13
သြဂုတ်လ ၁၂ ရက်နေ့က ကျရောက်ခဲ့တဲ့ ၆၈ နှစ်မြောက် “ကရင်အာဇာနည်နေ့” အခမ်းအနားကို ခွင့်ပြုချက်မရှိဘဲ ကျင်းပတယ်ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး KNU က ဖဒိုမန်းငြိမ်းမောင် အပါအဝင် ၅ ဦးကို ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တရားစွဲလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖဒိုမန်းငြိမ်းမောင်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-13
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့တို့ဟာ ဒီကနေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
2018-08-13
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ လုံးဝမရှိတော့တဲ့အထိ ထပ်မံတွေ့ဆုံညှိနှိုင်း သွားဖို့ နှစ်ဘက်သဘောတူညီမှု ရရှိခဲ့ကြပါတယ်။
2018-08-11
မန္တလေးမြို့မှာ ဒီနေ့ ကျင်းပခဲ့တဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ဟာ အလွှာအသီးသီးက လူငယ်အဖွဲ့အစည်းတွေကို ထည့်သွင်းမစဉ်းစားတာ၊ အသိအမှတ်မပြုဘဲ လျစ်လျူရှုထားတာ၊ ပွဲစီစဉ်ရာမှာ ပွင့်လင်းမြင်သာမှုမရှိတာတွေကြောင့် စီစဉ်သူတွေကို ကန့်ကွက်ရှုတ်ချတယ်ဆိုပြီး လူငယ်အဖွဲ့ ၁၂ ဖွဲ့က ဒီနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။
2018-08-11
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေသူတွေကို ပြန်လည်လက်ခံရေးအတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မြန်မာအစိုးရဘက်က ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
2018-08-11
မြန်မာ့တပ်မတာ်ကကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အစိုးရကတာဝန်ရှိတဲ့အခြေအနေကနေ ရှောင်လွှဲနိုင်မှာမဟုတ်ဘူးလို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောလိုက်ပါတယ်။ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဆိုင်ရာ ဒု-ညွန်ကြားရေးမှူး Phil Robertson ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-11
ရေဘေးလို သဘာဝဘေးအန္တရာယ်တွေ ကြုံရပြီး နောက်မှာ ဘေးဒဏ်ခံရသူတွေဟာ ခန္ဓာကိုယ် ကျန်းမာရေးတင်မက စိတ်ကျန်းမာရေး ပြဿနာများ တွေပါ ကြုံတွေ့နိုင်ပြီး လူမှုဘဝ ထိခိုက်မှုတွေအထိပါ ဖြစ်လာနိုင်ပါတယ်။
2018-08-10
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ နဲ့ အောင်မြင်အောင် ရှေ့ဆက်ဆောင်ရွက်မယ့် အခြေအနေတွေကို ကမ္ဘာ့နိုင်ငံတွေ သိရှိနိုင်အောင် စင်ကာပူနိုင်ငံက Singapore Lecture မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က အခုလအတွင်း မိန့်ခွန်းပြောကြားသွား မှာဖြစ်ပါတယ်။