သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-29
၂၀၁၈ စက်တင်ဘာလ ၂၉ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဖိအားပေးမှုတွေနဲ့ မြန်မာ့နိုင်ငံရေးအလားအလာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဒေါက်တာ ရင်ရင်နွယ် (ကုလသမဂ္ဂ အရာရှိကြီးဟောင်း၊ ရခိုင်ကော်မရှင်အဖွဲ့ဝင်ဟောင်း)၊ ဒေါက်တာ တင်မောင်သန်း (မူဝါဒရေးရာအကြံပေးနဲ့ စာရေးဆရာ)၊ ဒေါက်တာ ရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသူ၊ နိုင်ငံရေးဆောင်းပါးရှင်) နဲ့ ဦးဇေယျသူ (အယ်ဒီတာ၊ သတင်းစာဆရာ) တို့ ဖြစ်ပါတယ်။
2018-09-15
၂၀၁၈ စက်တင်ဘာလ ၁၅ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "တရားစီရင်ရေးလောကနဲ့ အဂတိလိုက်စားမှုများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပြီး ရှေ့နေ ဦးကြီးမြင့်၊ ရှေ့နေ ဦးလှစိန် (ဥပဒေရေးရာ စာရေးဆရာ ဦးရီစိန်) နဲ့ စာရေးဆရာ ထင်လင်းဦး (Wisdom Villa) တို့က ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။
2018-09-08
၂၀၁၈ စက်တင်ဘာလ ၈ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ သတင်းစာလွတ်လပ်ခွင့်အကြောင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပြီး ရှေ့နေ ဦးသန်းဇော်အောင်၊ ရှေ့နေ ဦးရောဘတ်စန်းအောင် နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရှေ့နေကြီး ဦးအောင်သိန်း တို့က ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမေးမြန်းလိုသူတွေအနေနဲ့ ဖုန်းနံပါတ် ဝ၉ ၄၅၃၆၄၄ဝ၂၅ နဲ့ ဝ၉-၄၅၃၆၄၄ဝ၂၆ ကိုဖြစ်စေ၊ RFA Burmese Facebook စာမျက်နှာကဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
2018-09-02
၂ဝ၁၈ စက်တင်ဘာလ ၁ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "သတင်းရယူခွင့်နဲ့ သတင်းစာ လွတ်လပ်ခွင့်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပြီး ဦးမြင့်ကျော် (သတင်းမီဒီယာကောင်စီ)၊ ဦးသီဟသွေး (နိုင်ငံခြား သတင်းထောက်) တို့က ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေး မေးမြန်းလိုသူတွေအနေနဲ့ ဖုန်းနံပါတ် ဝ၉ ၄၅၃၆၄၄ဝ၂၅ နဲ့ ဝ၉-၄၅၃၆၄၄ဝ၂၆ ကိုဖြစ်စေ၊ RFA Burmese Facebook စာမျက်နှာကဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။