သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-08
၂၀၁၈ စက်တင်ဘာလ ၈ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ သတင်းစာလွတ်လပ်ခွင့်အကြောင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပြီး ရှေ့နေ ဦးသန်းဇော်အောင်၊ ရှေ့နေ ဦးရောဘတ်စန်းအောင် နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရှေ့နေကြီး ဦးအောင်သိန်း တို့က ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမေးမြန်းလိုသူတွေအနေနဲ့ ဖုန်းနံပါတ် ဝ၉ ၄၅၃၆၄၄ဝ၂၅ နဲ့ ဝ၉-၄၅၃၆၄၄ဝ၂၆ ကိုဖြစ်စေ၊ RFA Burmese Facebook စာမျက်နှာကဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
2018-09-02
၂ဝ၁၈ စက်တင်ဘာလ ၁ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "သတင်းရယူခွင့်နဲ့ သတင်းစာ လွတ်လပ်ခွင့်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပြီး ဦးမြင့်ကျော် (သတင်းမီဒီယာကောင်စီ)၊ ဦးသီဟသွေး (နိုင်ငံခြား သတင်းထောက်) တို့က ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေး မေးမြန်းလိုသူတွေအနေနဲ့ ဖုန်းနံပါတ် ဝ၉ ၄၅၃၆၄၄ဝ၂၅ နဲ့ ဝ၉-၄၅၃၆၄၄ဝ၂၆ ကိုဖြစ်စေ၊ RFA Burmese Facebook စာမျက်နှာကဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
2018-08-18
၂၀၁၈ သြဂုတ်လ ၁၈ ရက်နေ့ည "စနေစကားဝိုင်း" အစီအစဉ်မှာ "အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းနဲ့ မြန်မာ့စီးပွားရေးအခြေအနေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပြီး ဦးရဲမင်းဦး (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ စီးပွားရေးကော်မတီ အဖွဲ့ဝင်) နဲ့ ဒေါက်တာ စိုးထွန်း (ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်၊ UMFCCI ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်) တို့က ပါဝင်ဆွေးနွေးမှာဖြစ်ပါတယ်။
2018-08-12
၂၀၁၈ သြဂုတ်လ ၁၁ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ “ တရားစီရင်ရေးစနစ် တည့်မတ်လာတော့မလား“ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဦးကိုနီအမှု မိသားစုဥပဒေအကျိုးတော်ဆောင်တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေး၊ PEN Myanmar အဖွဲ့က စာရေးဆရာမ မသီတာ (စမ်းချောင်း)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီတို့ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။