သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-30
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ အုပ်စုအတွက် ဆေးရုံတည်ဆောက်ပေးဖို့ ဒေသခံ ၃၀၀ လောက်က ရသေ့တောင်မြို့ပေါ်မှာ မနေ့က ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-06-30
ထိုင်း မြန်မာ နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်း ကိုးခုက မြန်မာဒုက္ခသည် တစ်သိန်း တစ်သောင်းကျော်ကို UNHCR က အခုအခါ Biometric ခေါ် ခေတ်မီစက်ပစ္စည်းတွေနဲ့ မှတ်ပုံတင်လုပ်ငန်းတွေ လုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
2015-06-30
ကချင်ပြည်နယ် မြစ်ကြီးနား နည်းပညာ တက္ကသိုလ်မှာ နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း မြစ် ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က မန္တလေးကျောင်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2015-06-30
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မိုးကောင်း-ဖားကန့်လမ်းပေါ် ခွန်ဆိုင်ဇွပ်ရွာအနီးမှာ မိုးကောင်းကနေ ဖားကန့်ကို မောင်းနှင် လာတဲ့ ခရီးသည်ယာဉ်တစ်စီး မိုင်းထိမှန်ပြီး ခရီးသည် တစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2015-06-30
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားကျောင်းသူနဲ့ ဝန်းရံသူ ၆၈ ဦးကို သာယာဝတီမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ ဝန်းရံသူ ကိုခင်လှိုင်ဆိုသူဟာ သတိလစ်သွား တဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ်။
2015-06-30
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် တဲ့မူကြမ်းမှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတကို ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေထဲကသာ ရွေးချယ်ရမှာဖြစ်ကြောင်း ပြင်ဆင်ထားတာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေက ဒီနေ့ ထောက် ခံဆွေးနွေးကြပါတယ်။
2015-06-30
တစ်နိုင်ငံလုံးက အလုပ်သမားတွေအတွက် အခြေခံလုပ်ခလစာ တစ်ရက် ၃၆၀၀ ကျပ်နှုန်း သတ်မှတ်လိုက်တာကို အလုပ်ရှင်နဲ့ အလုပ် သမားတွေ နှစ်ဘက်စလုံးက ကန့်ကွက်သွားမယ်လို့ ပြော ပါတယ်။
2015-06-30
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်နေတာကြောင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက နှုတ်ထွက်ပေးဖို့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသကျောင်း သားတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။
2015-06-30
လားရှိုးမြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေကို လာရောက် ကြည့်ရှု စစ်ဆေးသူ နည်းပါးနေပြီး၊ ထုတ်ပြန်ထား တဲ့ မဲစာရင်းတွေမှာလည်း မှားယွင်းမှုတွေရှိနေတယ် လို့ သိရပါတယ်။
2015-06-30
ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့တဲ့မဲဆန္ဒ ရှင်စာရင်း မှန်ကန်မှုရှိမရှိစစ်ဆေးဖို့ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ကွင်းဆင်း စစ်ဆေးတဲ့အကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။
2015-06-30
အစိုးရသတင်းစာတွေထဲမှာ ကြေညာထားတဲ့ အကျဉ်းထောင်ဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲ တရပ်ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေပူးတွဲပြီး ပြီးခဲ့တဲ့ဇွန်လ ၂၇ ရက်၊ စနေနေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2015-06-30
အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ထိထိရောက်ရောက် တောင်းဆိုနိုင်ဖို့အတွက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေကို ဆန္ဒမဲပေးကြဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့က ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။
2015-06-30
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် "ဝ"အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ ခေါင်းဆောင်တွေဟာ လာရှိုးမြို့က ပါတီဌာနချုပ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ဒေသခံသတင်းထောက်တွေ နဲ့ တွေ့ဆုံပြီး မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
2015-06-30
မကွေးတိုင်းနတ်မောက်မြို့မှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေကို မ,တည်ပြီး ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်းကို တည်ထောင်လိုက်ပါတယ်။
2015-06-29
မွန်ဂိုလီယားနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား သတ္တုတူးဖော်ရေး၊ သယံဇာတများ စနစ် တကျ ထုတ်ယူသုံးစွဲမှု၊ စိုက်ပျိုးရေးနဲ့ ခရီး သွားလုပ်ငန်း စတဲ့ ကဏ္ဍတွေမှာ အတွေ့ အကြုံဖလှယ်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။