သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်ရေး ဆိုင်ရာ ပြင်ဆင်ချက် မူကြမ်း ဆွေးနွေး
2015.06.30

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့မူကြမ်းမှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတကို ရွေးကောက် တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲကသာ ရွေးချယ်ရမှာဖြစ်ကြောင်း ပြင်ဆင်ထားတာ ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေက ဒီနေ့ ထောက် ခံဆွေးနွေးကြပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ဒီနေ့ ဆွေးနွေးရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါခင်က အခုလို ထောက်ခံဆွေးနွေးခဲ့ပါတယ်။
"ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ သမ္မတစနစ်ဟာ အားလုံးသိကြတဲ့အတိုင်း သမ္မတစစ်စစ်စနစ် မဟုတ်ပါဘူး၊ ဒါကြောင့် မဲဆန္ဒရှင်ပြည်သူတို့က လိုလားသော သမ္မတရွေးချယ်နိုင်တဲ့စနစ်ကို ဦးတည်သင့်ပါတယ်"
မူလက ရွေးကောက်ခံမဟုတ်လည်း နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခွင့်ပေးထားတာ ဖြစ် ပါတယ်။
အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်တွေဟာ ဒုတိယသမ္မတကို တစ်ဦးသာ ရွေးချယ်သင့်ကြောင်း လည်း ဆွေးနွေးကြပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်တာမဟုတ်ဘဲ သက်ဆိုင်ရာ လွှတ်တော်တွေက ရွေးချယ်တင်မြှောက်ရမယ်လို့ ပြင်ဆင်ချက်ကိုလည်း ကြံ့ခိုင်ရေးနဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေက ထောက်ခံကြပါတယ်။
အဲဒီပုဒ်မတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃ ဦး၊ ကြံ့ခိုင်ရေးကိုယ်စားလှယ် ၃ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးနဲ့ တိုင်းရင်းသားကိုယ်စားလှယ် ၂ ဦးတို့ ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။