သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-31
ကချင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ မန္တလေးတိုင်း လွှတ်တော်တွေမှာ သက်ဆိုင်ရာ တိုင်း/ပြည်နယ် ဝန်ကြီးချုပ်တွေက အသီးသီး ကတိသစ္စာ ပြုခဲ့ကြ ပါတယ်။ မန္တလေးတိုင်းမှာ တိုင်းအစိုးရအဖွဲ့ တာဝန် လွဲှပြောင်းပေးရေးကိစ္စမှာ အရင်အစိုးရအဖွဲ့က တာဝန်လွဲှပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
2016-03-31
NLD ပါတီ အစိုးရဖြစ်လာပေမယ့် တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅-ခ စတာတွေနဲ့ တရားစွဲခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား အကျဉ်းထောင်တွေထဲမှာ ရှိနေပါသေးတယ်။
2016-03-31
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရတာဝန် လွှဲပြောင်းယူလိုက်ပြီးနောက် မတ်လ ၃၁ ရက်နေ့ ထုတ်ဝေတဲ့ နိုင်ငံပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ အရင်လို မဟုတ်တော့ဘဲ၊ တာဝန်လွှဲပြောင်းယူတဲ့ သတင်းတွေ ဆောင်းပါးတွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်တွေကိုပါ ဝေဝေဆာဆာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
2016-03-31
သမ္မတဦးထင်ကျော် တင်သွင်းတဲ့ "နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ" ကို လက်ခံဆွေးနွေးဖို့ အမျိုးသားလွှတ်တော်က ဒီကနေ့ မတ်လ ၃၁ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဥပဒေကြမ်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်ဖို့ ပါရှိပါတယ်။
2016-03-31
မြန်မာနိုင်ငံက သစ်ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ ခွင့်ပြုချက်မရှိတဲ့ သစ်တောတွေကိုပါ ခုတ်ပြီး ရောင်းစားနေတာကြောင့် တရားဝင် ကုမ္ပဏီဆိုပေမယ့် ဥပဒေအရ စစ်ဆေးပေးဖို့ လိုအပ်နေတဲ့အကြောင်း "စိမ်းလန်းအမိမြေအသင်း"က တောင်းဆိုလိုက်ပါတယ်။
2016-03-31
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ မန်တုံမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော် TNLA တို့ မနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ပါတယ်။
2016-03-31
ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်သွယ် တယ်ဆိုပြီး တရားစွဲဆိုခံထားရသူ ၁၁ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ ရခိုင်ပြည် နယ် ကျောက်တော်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိချမှတ်လိုက်ပါတယ်။
2016-03-31
လက်ရှိ တည်ဆဲဥပဒေတွေထဲက ဥပဒေ ၁၄၂ ခုကို ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ ရုပ်သိမ်းဖို့နဲ့ အသစ်ပြန်လည်ရေးဆွဲဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်က လွှတ်တော်ဥက္ကဋ္ဌတွေ ထံ ပေးပို့ထားပါတယ်။
2016-03-31
ဒုတိယသမ္မတဟောင်း ဦးဉာဏ်ထွန်း ၊ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ စက်မှု ဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမောင်မြင့်တို့ဟာ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဒီကနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ ကတိသစ္စာပြုကြပါတယ်။
2016-03-31
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင် တာဝန်ယူခဲ့တဲ့ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော် မတီ ဥက္ကဌ တာဝန်ကို ဝါးခယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သိန်းနဲ့ အစားထိုး တာဝန်ပေးအပ် လိုက်ပါတယ်။
2016-03-31
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်မယ့် "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ"ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေး မှာ တင်သွင်းလိုက်ပါတယ်။
2016-03-31
ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့် ဦးဆောင်တဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က တာဝန်လွဲှပြောင်းပေးဖို့ရှိရာမှာ ဝန်ကြီးချုပ်အသစ် ဒေါက်တာ ဇော်မြင့်မောင်ကို တာဝန် လွဲှပြောင်းပေးတာ မလုပ်ခဲ့ဘူးလို့ ဒေါက်တာ ဇော်မြင့်မောင် က ပြောပါတယ်။
2016-03-31
သမ္မတသစ်ဦးထင်ကျော်အစိုးရကို သမ္မတ ဦးသိန်းစိန်အစိုးရက ချောချောမွေ့မွေ့အာဏာ လွှဲပြောင်း လိုက်တဲ့အတွက် ပြည်တွင်းပြည်ပ က မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ ဝမ်းမြောက်နေကြတာ တွေ့ရပါတယ်။
2016-03-31
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ဓာတ်ပုံနဲ့ သရော်ထားတဲ့စာကို ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံထားရ တဲ့ မချောစန္ဒီထွန်းဟာ ဒီနေ့ မအူပင်အကျဉ်းထောင် ကနေ ပြန်လွတ်လာပါတယ်။
2016-03-31
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ဟာ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ကတိသစ္စာပြုပြီးနောက် သမ္မတ ဦးထင်ကျော်က တိုင်းပြည်ကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။