အစိုးရသစ်နဲ့ ကြေးမုံ၊ မြန်မာ့အလင်း


2016.03.31

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရတာဝန် လွှဲပြောင်းယူလိုက်ပြီးနောက် မတ်လ ၃၁ ရက်နေ့ ထုတ်ဝေတဲ့ နိုင်ငံပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ အရင်လို မဟုတ်တော့ဘဲ၊ တာဝန်လွှဲပြောင်းယူတဲ့ သတင်းတွေ ဆောင်းပါးတွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်တွေကိုပါ ဝေဝေဆာဆာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ အစိုးရထုတ်သတင်းစာတွေ အခုလို ပြောင်းလဲလာတာဟာ ပုဂ္ဂလိက သတင်းစာတွေရဲ့ ရပ်တည်မှုကို ထိခိုက်လာနိုင်ဖွယ်ရှိတယ်လို့ ရန်ကုန်မြို့က သတင်းစာရောင်းသူတွေနဲ့ စာဖတ်သူတွေက ပြောကြပါတယ်။ RFA သတင်းထောက် ကိုထက်အာကာ က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။