သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-30
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးဟာ ၈၈ ငြိမ်းပွင့်ကနေ မနေ့က နုတ်ထွက်လိုက်ပါတယ်။
2017-11-30
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၃ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတနဲ့ တွေ့ဆုံတဲ့အခါ ရခိုင်ပြည်နယ် အရေးဟာ ထိပ်ဆုံးကနေ ဆွေးနွေးဖို့ ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်၊ မသင်းသီရိ တင်ပြထားပါတယ်။
2017-11-30
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဗာတီကန်နန်းတော်နဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr.Gerg Burk က ဦးဆောင်ပြီး ၂ဝ၁၇ နိုဝင်ဘာလ ၂၉ ရက်နေ့ညပိုင်းက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
2017-11-30
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိတောင်က အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရဲ့ ရွှေတူးဖော်ထုတ်လုပ်မှုကို အစိုးရက ဆိုင်းငံ့ထားတာကြောင့် ကုမ္ပဏီဥက္ကဌ ဦးစိုးထွန်းရှိန်အပါအဝင် ဝန်ထမ်း ၅၀၀ လောက်က ရမည်းသင်း မြို့ပေါ်မှာ ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
2017-11-30
အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံ မွတ်စလင်တွေ နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ ရသေ့တောင်မြို့နယ်မှာ အခြားဒေသမှာ နေထိုင်သူတွေက လာရောက်အခြေချဖို့ ကြိုးပမ်းလာတာတွေ ရှိလာနေပါတယ်။
2017-11-30
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ၄ ရက်ကြာ မြန်မာခရီးစဉ်ဟာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့မဟုတ်ဘဲ သံတမန်ရေးအရ လာရောက်တဲ့ ခရီးစဉ်သာဖြစ်တယ်လို့ ဗာတီကန် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။
2017-11-30
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိတောင်က အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရဲ့ ရွှေတူးဖော်ထုတ်လုပ်မှုကို အစိုးရက ဆိုင်းငံ့လိုက်တဲ့အတွက် ကုမ္ပဏီဥက္ကဌ ဦးစိုးထွန်းရှိန် အပါအဝင် ဝန်ထမ်း ၅၀၀ လောက်က ရမည်းသင်းမြို့ပေါ်မှာ ဒီကနေ့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
2017-11-30
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ တရုတ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။
2017-11-30
ရခိုင်ပြည်နယ်၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် အတွင်းကနေ စုစုပေါင်း ကျပ်သိန်းပေါင်း နှစ်သောင်းငါးထောင်ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကျော်ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန် ထားပါတယ်။
2017-11-30
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော် လုပ်ကိုင်ကြသူတွေထဲက နည်းဥပဒေတွေ အတိုင်း လိုက်နာမှုမရှိတဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေကို အခုနှစ်ကစလို့ ဥပဒေအတိုင်း စိစစ်ဆောင်ရွက်ဖို့ ရှိမရှိနဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြည်နယ် လွှတ်တော်မှာ ဒီကနေ့ မေးမြန်းခဲ့ပါတယ်။
2017-11-30
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးဟာ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ သူ့သဘောထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောကြားလိုတဲ့အတွက် ၈၈ ငြိမ်းပွင့်ကနေ နုတ်ထွက်လိုက်ပါတယ်။
2017-11-30
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်နဲ့အတူ မြန်မာနိုင်ငံက ကက်သလစ်ဘာသာဝင် ၂ သိန်းနီးပါးဟာ ၂ဝ၁၇ နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ ကျိုက္ကစံအားကစားကွင်းမှာ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။
2017-11-30
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ဒေသတွေမှာ တိုင်းရင်းသားကျေးရွာတွေ ပိုမိုတည်ဆောက်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ၂ဝ၁၇ နိုဝင်ဘာလ ၂၉ ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။
2017-11-29
UNFC အဖွဲ့ဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ဦးဆောင်ပြီး ဖရူဆိုမြို့နယ်မှာ အကောင် အထည်ဖော်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကျောင်း ဖွင့်လှစ်မယ့်ကိစ္စကို ရပ်ဆိုင်းဖို့ ပြည်နယ်အစိုးရက စာပေးပို့ တားမြစ်လိုက်ပါတယ်။
2017-11-29
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေမှာ တိုင်းရင်းသားကျေးရွာတွေ ပိုမိုတည်ဆောက်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။