သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-30
အခုတစ်ပတ် ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ ၁၉၉၆ခု ဒီဇင်ဘာလ ကျောင်းသားလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ကျောင်းသားခေါင်းဆောင်သုံးဦးကို ဆက်သွယ်ပြီး သူတို့ရဲ့ ရှုမြင်သုံးသပ်ချက်တွေနဲ့အတူ ဦးခင်မောင်ညိန်းက စီစဉ်တင်ပြထားပါတယ်။
2013-11-30
သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ကြီးက ဂုဏ်ထူးဆောင ်ဥပဒေပါရဂူဘွဲ့ ကို ဒီကနေ့ အပ်နှင်းလိုက်ပြီး Desmond Tutu လူမှုထူးချွန် ဆုကိုလည်း ချီးမြှင့်လိုက်ပါတယ်။
2013-11-30
ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့ AIDS နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ HIV/ AIDS ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာန ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တားဆီးရေး စီမံချက်က ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ မြင့်ရွှေကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-11-30
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးထားပေမယ့် ထိလွယ်ရှလွယ်နိုင်တဲ့ကိစ္စရပ်တွေမှာ ထိပ်တိုက် ရင်ဆိုင်တာတွေ ရှောင်ဖို့လိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ သတိပေးပြောကြား လိုက်ပါတယ်။
2013-11-30
ဒီနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပြန်ကြားရေးဝန်ကြီးဌာန က သတင်းစာ ၃၁ စောင်ထုတ်ဝေခွင့်ပြု ခဲ့ရာမှာ ဒီကနေ့ထိ ထုတ်ဝေခြင်းမပြုနိုင်တဲ့ သတင်းစာ ၁၅ စောင်ကို လာမဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး ထုတ်ဝေကြဖို့ အကြောင်းကြားမှာဖြစ်ပြီး မထုတ်ဝေရင် လိုင်စင်ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။
2013-11-30
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၄၄၄ ရွာထဲက ထက်ဝက်ကျော်လောက်ဟာ လျှပ်စစ်မီးမရရှိရေးသေးတဲ့အတွက် ဒေသခံတွေက ကိုယ့်အားကိုယ့်ကိုးပြီး လျှပ်စစ်မီးရရှိဖို့ လုပ်ကိုင်နေကြရပါတယ်။ RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။
2013-11-30
ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းမှာ အုပ်စုဖွဲ့ငါးဖမ်းကြတဲ့ တံငါသည်တွေဟာ ရာသီဥတုဆိုးဝါးတဲ့အတွက် အခုအခါ မွန်ပြည်နယ် သံလွင်မြစ်ဝကို ပြောင်းရွေ့လုပ်ကိုင်နေကြရပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ဆက်ထားပါတယ်။
2013-11-30
လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရမှု တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးရှေ့အထိ လမ်းလျှေုာက်ဆန္ဒပြခဲ့ကြပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-11-29
RFA ပရိသတ်များရှင်၊ ကျမတို့ လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ ပထမဆုံး ပြည်တွင်းသတင်းထောက်ဖြစ်တဲ့ ကိုမိုးသူအောင် (ခေါ်) ကိုဝေဖြိုးဟန် အသက် (၂၄) နှစ်ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုမိုးသူအောင်ရဲ့ ရုပ်အလောင်းကို ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ ဒီနေ့ ပို့ဆောင်မီးသြင်္ဂိုဟ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်းတင်ပြထားပါတယ်။
2013-11-29
ပင်လုံညီလာခံလို အနှစ်သာရရှိတဲ့ ပြည်ထောင်စုညီလာခံ ကျင်းပနိုင်ဖို့အတွက် ကနဦးအလုပ်အဖွဲ့ကို လာမယ့်ဒီဇင်ဘာလထဲမှာ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ရှစ်လေးလုံး ငွေရတုကော်မတီ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2013-11-29
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်မှာရှိ တဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၆ ယောက်ကို ဒီကနေ့ စမ်းချောင်းမြို့နယ် တရားရုံးက တရားမဝင်စီတန်း လှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ဒဏ်ငွေ ၁ သောင်းစီ အမိန့်ချမှတ်လိုက်ပါတယ်။
2013-11-29
ပဲခူးမြို့နယ် တရားရုံးက လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုနဲ့ လယ်သမား ၅ ယောက်ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၆ လ ၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ- ၁၈ နဲ့ ငွေဒဏ် ၁ သောင်းစီပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2013-11-29
မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်းကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ရာနှုန်းပြည့် အဆင်သင့်ဖြစ်နေပြီလို့ အာကစားဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-11-29
ဒီနေ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု ၁ နှစ်ပြည့် ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အကျဉ်းထောင်ထဲက လွတ်မြောက်လာတဲ့ နော်အုန်းလှ အပါအဝင် ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးနဲ့ စုစုပေါင်း ၅၀ လောက် လမ်းလျှောက်ဆန္ဒပြ ခဲ့ကြပါတယ်။
2013-11-29
သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ကင်ဘာရာမြို့က ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခုဖြစ်တဲ့ ANU သြစတြေးလျ အမျိုးသား တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို မနေ့က လက်ခံရယူခဲ့ပါတယ်။