သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-31
အကျဉ်းထောင် လက်စွဲပါ အကျဉ်းသား ခံစားခွင့်များ ရရှိဖို့ အစာအငတ်ခံ ဆန္ဒပြ တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ဦးကို ထောင်ဆေးရုံ ပို့လိုက်ကြောင်း သတင်း ရရှိပါတယ်။
2011-10-31
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael Posner မြန်မာနိုင်ငံကို ဒီကနေ့ ရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က တရားဝင် ထုတ်ပြန် ကြေညာပါတယ်။
2011-10-31
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ငါးရက်ကြာ ခရီးစဉ်အဖြစ် စတင် ရောက်ရှိလာပါတယ်။
2011-10-31
မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေဟာ နောက်ကြောင်း ပြန်လှည့်လို့ မရနိုင်တဲ့ အပြောင်းအလဲတွေ ဖြစ်ဟန်ရှိကြောင်း သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အပြီး အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။
2011-10-31
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နဲ့ မြန်မာ အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေကြောင်း ဒီကေဘီအေ တပ်မှူးတွေက အာအက်ဖ်အေကို ပြောပါတယ်။
2011-10-31
ဒီကနေ့မနက် ဆယ်နာရီက သင်္ဃန်းကျွန်း မြို့နယ်မှာ ကျင်းပတဲ့ ဗေဒါ အခမဲ့ ပညာရေးကျောင်း စာကြည့်တိုက် ဖွင့်ပွဲ နဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ ပါတယ်။
2011-10-30
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည် တို့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2011-10-30
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ အစိုးရက ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ချက် ထုတ်ပြန်တာနဲ့ တပြိုင်နက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ အသစ်တခုအဖြစ် မှတ်ပုံတင်ဖို့ ဆုံးဖြတ်မှာနဲ့ ပတ်သက်ပြီးဆွေးနွေးထားကြပါတယ်။
2011-10-30
မြန်မာအစိုးရဟာ ၂ဝ၁၄ ခုနှစ် အာစီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေ ရှိနေပြီး မြန်မာနိုင်ငံမှာလည်း ပြောင်းလဲမှုတချို့ မြင်တွေ့ခဲ့ရကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2011-10-30
၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာစီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရေးနဲ့ ပတ်သက်ပြီး အာစီယံ ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် အာစီယံပြည်သူတွေ အားလုံးအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က မနေ့က ပြောဆိုလိုက်ပါတယ်။
2011-10-30
မြန်မာနိုင်ငံက ဆန်စပါးထွက်တဲ့ ဒေသတွေမှာ ဒီနှစ်အတွင်း ရေလွှမ်းမိုးမှု တွေ ဖြစ်ခဲ့ပေမယ့် ဆန်စပါးအထွက် သိသိသာသာ လျော့နည်းသွားမှာ မဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသန ဌာနရဲ့အကြံပေး၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မျိုးအောင်ကျော်က အာအက်ဖ်အေကို ပြောပါတယ်။
2011-10-29
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေမှာ ပါတဲ့ အချက်တချို့ကို ပြည်သူ့လွှတ်တော်က ပြင်ဆင်လိုက် တာကြောင့် NLD ပါတီ အနေနဲ့ ပါတီမှတ်ပုံတင်ဖို့ အလားအလာတွေ ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
2011-10-29
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန် လွှဲပြောင်းပေးရေးကိစ္စ လေ့လာဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါဟာ သမ္မတအကြံပေးအဖွဲ့ဝင် ၆ ဦးနဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေက ရန်ကုန်မြို့ မှာ တွေ့ဆုံခဲ့ပါတယ်။
2011-10-29
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးများပြီး ဆည်ရေ လျှံက မှုကြောင့် ယင်းမာပင်မြို့နယ် ဆားလင်းကြီး အနောက် မြိုင်နယ်စပ်က တောင်ယမားနဲ့ မြောက် ယမားဆည်တွေကို သက်ဆိုင်ရာက အောက်တိုဘာလ ၁၉ ရက်နေ့ညက ရေဖောက်ချခဲ့ရာမှာ ဆည် အောက်ပိုင်း ဒေသက ကျေးရွာတွေမှာ မွေးမြူရေး တိရိစ္ဆာန်တွေ အပါအဝင် လူသေဆုံးမှုတွေ ရှိပြီး စိုက်ခင်းတွေ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
2011-10-29
ထောင်ဒဏ် ၂၉ နှစ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ မသန္တာဟာ ကျန်းမာရေး အခြေအနေ ဆိုးဝါးလာတဲ့ အတွက် အင်းစိန်ဆေးရုံကို ပြောင်းရွှေ့ ကုသနေရပါတယ်။ ဒါပေမယ့် လူနာဖြစ်သူ မသန္တာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကောင်းကောင်း မွန်မွန် မဆက်ဆံတဲ့အပြင် ဂရုတစိုက် ကုသပေးတာ မရှိဘူးလို့ သိရပါတယ်။