မြန်မာ့ဆန်အထွက် မဆိုစလောက်သာ လျော့မယ်လို့ ဆန်စပါးအသင်းချုပ် ပြော
2011.10.30

ရေကြီးမှုတွေ ဖြစ်ပေမယ့် နိုင်ငံရဲ့ ဆန်ထုတ်လုပ်မှု (၃) ရာခိုင်နှုန်း လောက်သာ ထိခိုက်ခဲ့တယ်လို့ ဒေါက်တာမျိုးအောင်ကျော်က ပြောပါတယ်။
ဒါ့ကြောင့် ပြည်ပကို ဆန်တင်ပို့မှုတွေ ကန့်သတ်မထားဘဲ ကုန်သည်တွေ ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆက်လက်ပြီး ဆန်တင်ပို့ခွင့် ပြုမယ်လို့လည်း ဆိုပါတယ်။
မကြာသေးခင်ကလည်း ပုသိမ်ဆိပ်ကမ်းကနေ ပြည်ပကို ဆန်တန်ချိန် ၇ သောင်းကျော် တင်ပို့ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့တဲ့ ထိုင်းနိုင်ငံမှာ ရေကြီးနေတဲ့အတွက် ကမ္ဘာ့ ဆန်ဈေးကွက်မှာ ဆန်ဈေးတွေ မြင့်တက်လာနေပါတယ်။ ထိုင်းနိုင်ငံ ကိုယ်တိုင်ကလည်း ဒေသတွင်းက ဆန်တွေ ဝယ်ယူ တင်သွင်းမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့ဆန်ကိုတော့ ဈေးမြှင့်ပြီးဝယ်ယူဖို့ ကမ်းလှမ်းတာ မရှိသေးဘူးလို့ ပြည်တွင်း ဆန်ကုန်သည်တွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဆန်ဈေးကွက် အလားအလာနဲ့ ပတ်သက်ပြီး ဆန်စပါး အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးအောင်ကျော်ကို မမေစောမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |