သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-31
နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံကို တစ်နှစ်တိတိ လွှဲအပ်လိုက်တယ်လို့ တပ်မတော်ပိုင် သတင်းဌာနဖြစ်တဲ့ မြဝတီသတင်းဌာနက ဖေဖော်ဝါရီလ ၁ ရက် ဒီကနေ့မနက် ၈ နာရီ သတင်းအစီအစဉ်မှာ ကြေညာလိုက်ပါတယ်။
2021-01-31
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တို့ကို ဒီကနေ့ မနက် မြန်မာစံချိန် ၄နာရီခွဲက စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားပါတယ်။
2021-01-31
NLD ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ ကျောင်းသားခေါင်းဆောင်ဟောင်းတွေကို ပြီးခဲ့တဲ့ နာရီပိုင်းတွေမှာ စစ်တပ်က ဖမ်းလိုက်ပါတယ်။ NLD ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကိုတော့ မနက် ၄ နာရီလောက်မှာ စစ်ဝတ်စုံနဲ့လူတွေ လာဖမ်းသွားတယ်လို့ ဇနီးသည် ဒေါ်ကေသွယ်မိုးက ပြောပါတယ်။
2021-01-31
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်တွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို တပ်မတော်က ဒီကနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ RFA က သတင်းရရှိပါတယ်။
2021-01-31
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ မဲရလဒ်ကို လက်မခံဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တပ်မတော်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
2021-01-31
ဥပဒေကို လိုက်နာမှုမရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုရင်တောင် ဖျက်ပစ် ရမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂၇ နေ့က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်က သင်တန်းအရာရှိတွေကို ဗီဒီယိုအွန်လိုင်းစနစ်နဲ့ တွေ့ဆုံ ချိန်မှာ ပြောခဲ့ပြီးနောက်ပိုင်း တပ်မတော် အာဏာသိမ်းတော့မလားဆိုတဲ့ သုံးသပ်ချက်တွေ စိုးရိမ်ချက်တွေ ထွက်ပေါ် ခဲ့တာပါ။
2021-01-31
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့က ဖမ်းဆီးထားတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဒေသခံ ၁၁ ယောက်ကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2021-01-31
ဆန္ဒပြသတင်းတွေကို ဖော်ပြရေးသားနေတဲ့ သတင်းမီဒီယာဌာနတချို့နဲ့ သတင်းထောက်တွေကို ဆန္ဒပြသူတွေက မကျေနပ်ဘဲ ခြိမ်းခြောက်နေတာတွေကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ကာကွယ်ပေးဖို့အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက အသိပေးအကြောင်းကြားထားပါတယ်။
2021-01-30
ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးပြီးနောက်ပိုင်း ဘေးထွက်ဆိုးကျိုး ဆိုးဆိုးဝါးဝါး ခံစားရတာ မရှိဘူးလို့ ကာကွယ်ဆေးထိုးပြီးတဲ့သူတချို့က ပြောကြပါတယ်။
2021-01-30
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ပြီး တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲကို ဒီနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေ့မှာ သံဃာတွေနဲ့ လူအင်အား ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
2021-01-30
ဥပဒေတွေကို မလိုက်နာနိုင်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုရင်တောင် ဖျက်ပစ်ရမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဇန်နဝါရီလ (၂၇) ရက်နေ့က ပြောဆိုချက်ကို သတင်းမီဒီယာတွေမှာ ဖော်ပြပြီး နောက်ပိုင်း တပ်မတော်ဘက်က အခုလို ကြေညာချက်ထုတ်ပြန် ဖြေရှင်းတာဖြစ်ပါတယ်။
2021-01-30
အနံ့ဆိုး၊ ရေဆိုးနဲ့ အမှုန်တွေကြောင့် ကျန်းမာရေးထိခိုက်နေလို့ အရေးယူပေးဖို့ ဒေသခံတွေ တောင်းဆိုနေတဲ့ ရန်ကုန်တိုင်း၊ တွံတေးနဲ့ မအူပင်ကားလမ်းမပေါ်က ရွှေနဂါး ဓာတ်မြေသြဇာ စက်ရုံကို ဇန်နဝါ ရီလ ၂၉ ရက် မနေ့ကစပြီး ပိတ်ထားဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ညွှန်ကြားလိုက်ပါတယ်။
2021-01-30
ဒီတစ်ပတ်မှာ "ကိုဗစ်ကာကွယ်ဆေး ရတက်အေးရပြီလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2021-01-30
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အစိုးရနဲ့ တပ်မတော်ကြား နိုင်ငံရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်က တကယ်ပဲ အာဏာသိမ်းနိုင်ခြေရှိလား၊ အာဏာသိမ်းရင်ရော အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးအခြေအနေတွေ ဘယ်ဖြစ်လာနိုင်ခြေရှိလဲဆိုတာ ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေ ပညာရှင် ရှေ့နေ ဦးအောင်ထူးကို RFA သတင်းထောက် ကိုနေမျိုးထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
2021-01-29
မြန်မာနိုင်ငံရှိ သံရုံးတွေက မြန်မာ့တပ်မတော်နဲ့ တခြားအဖွဲ့အားလုံး ဒီမိုကရေစီစံနှုန်းတွေကိုလိုက်နာဖို့ ဇန်နဝါရီလ ၂၉ ရက် မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့သလို တရက်တည်းမှာပဲ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကလည်း တပ်မတော်နဲ့ ပါတီတွေအနေနဲ့ လက်ရှိပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။