သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-23
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့လို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သဘာဝဘေးအန္တရာယ် ဆိုင်ရာပုဒ်မနဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရသူ (၁၀) ဦး၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅နဲ့ အမှုဖွင့်ဖမ်းဆီးခံရသူ (၁) ဦး ရှိနေပါတယ်။
2021-02-23
မြို့တွင်းမှာ လှည့်လည်နေတဲ့ စစ်ကားတွေပေါ်ကနေ လေးခွနဲ့ပစ်လို့ အသက်ရှစ်နှစ် အရွယ်ကလေးငယ်တဦး ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာရသွားတာကြောင့် ဆေးကုသနေရပါတယ်။
2021-02-23
စစ်ကောင်စီက ရွေးကောက်ပွဲ အသစ်လုပ်ပေးဖို့ကိစ္စ အာဆီယံနိုင်ငံတွေ သဘောတူ လာအောင် အင်ဒိုနီးရှားနိုင်ငံက တွန်းအားပေးနေတယ်ဆိုတဲ့ သတင်းကို ရန်ကုန်မြို့ က အင်ဒိုနီးရှားသံရုံး ပြောရေးဆိုခွင့်ရှိသူက ငြင်းပယ်လိုက်ပါတယ်။
2021-02-23
ရန်ကုန်မြို့မှာတော့ အရင်နေ့တွေက ဆန္ဒပြသူတွေ အများအပြားရှိခဲ့တဲ့ ဆူးလေဘုရားအနားတဝိုက်ကို ရဲတပ်ဖွဲ့က ဒီနေ့မနက်ကစပြီး ပိတ်ထားပါတယ်။ ရဲတပ်ဖွဲ့အင်အားလည်း အတော်များများချထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းမ၊ မြေနီကုန်းနဲ့ လှည်းတန်းမှာ အရင်ရက်တွေလို့ပဲ ဆန္ဒပြသူတွေ ထောင်ပေါင်းများစွာရှိခဲ့ပါတယ်။
2021-02-23
နှစ်ပတ်ကျော်ကြာမြင့်လာတဲ့ လှည်းတန်းစုရပ် ဆန္ဒပြပွဲ အခြေအနေအပါ် ပြောပြချက်
2021-02-23
ဆန္ဒပြသူတွေ စုရပ်ဖြစ်တဲ့ ရန်ကုန်မြို့ လှည်းတန်းနဲ့ မြေနီကုန်းမှာ သောက်ရေ၊ အချိုရည်၊ ထမင်း နေ့စဉ် လိုက်လံဝေငှပေးနေတဲ့ ကိုအောင်မြတ်က ဆန္ဒပြပွဲတွေ ရက်ရှည်လာမယ်ဆိုရင်လည်း အလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့ ဆန္ဒပြသူတွေကို အစားအသောက်တွေ ဆက်လက်ထောက်ပံ့နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
2021-02-22
မြန်မာပြည်သူတွေရဲ့ဆန္ဒကို ဖိနှိပ်နေသူတွေကို နောက်ထပ် အရေးယူ ဆောင်ရွက်ဖို့ အမေရိကန်အနေနဲ့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။
2021-02-22
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဆန္ဒပြပွဲဦးဆောင်သူလို့ ယူဆရသူတွေရဲ့နေအိမ်တွေကို ညက ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေလုပ်ခဲ့ရာမှာ ဖမ်းဆီးလိုသူတွေကို မတွေ့တာကြောင့် အိမ်မှာရှိတဲ့ သမီးတွေ၊ သားတွေ၊ တူတွေကို ဖမ်းဆီးခဲ့ပါတယ်။
2021-02-22
ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေကို ပစ်ခတ်မယ်ဆိုပြီး သေနတ်ကိုင်ခြိမ်းခြောက်ထားတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့အပေါ် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြသူတွေ စိုးရိမ်နေကြပါတယ်။
2021-02-22
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖြစ်ရပ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံအသီးသီးက တုံ့ပြန်ပြောဆိုမှုတွေဟာ အာဏာသိမ်း အစိုးရက ရှေ့ဆက်မယ့် လုပ်ဆောင်ချက်တွေအတွက် ကြီးမားတဲ့ သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။
2021-02-22
အရင်အစိုးရနဲ့ NCA အပစ်အခတ်ရပ်စဲရေးချုပ်ဆိုထားတဲ့ တိုင်းရင်းသားတွေရဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေး နွေးမှုတွေကို ရပ်ဆိုင်းပြီး ပြည်သူ့လှုပ်ရှားမှုတွေကို ထောက်ခံမယ်လို့ ကြေညာခဲ့တာကို CRPH ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီက ကြိုဆိုထောက်ခံခဲ့ပါတယ်။
2021-02-22
မြန်မာနိုင်ငံက သတင်းမီဒီယာတွေအနေနဲ့ အာဏာသိမ်းစစ်အစိုးရလို့ ဆက်လက်သုံးနှုန်းနေမယ်ဆိုရင် ထုတ်ဝေခွင့်ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ စစ်ကောင်စီက ဒီကနေ့ ခြိမ်းခြောက်လိုက်ပါတယ်။
2021-02-22
မြန်မာနိုင်ငံသား ၁၂ဝဝ ကို နေရပ်ပြန်ပို့မယ့်အစီအစဉ် ရပ်ထားဖို့ မလေးရှားနိုင်ငံကို တောင်းဆိုမှုတွေ ပိုများလာပါတယ်။ ကိုဗစ်ကပ်ရောဂါကာလမှာ နေရပ်ပြန်လိုကြတဲ့ မြန်မာနိုင်ငံသားတွေကို နှစ်နိုင်ငံအစိုးရရဲ့ အစီအစဉ်နဲ့ ပြန်ပို့နေတာဖြစ်ပါတယ်။
2021-02-22
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ်အဖြစ် အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ဦးထင်လင်းအောင်ကို ခန့်အပ်လိုက်တယ်လို့ ကော်မတီက ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်ညမှာ ကြေညာလိုက်ပါတယ်။