ရှမ်းမြောက်မှာ စစ်ကောင်စီကို ကန့်ကွက်လို့ ဖမ်းဆီးခံထားရသူ ၁၁ ဦးရှိ

2021.02.23
ရှမ်းမြောက်မှာ စစ်ကောင်စီကို ကန့်ကွက်လို့ ဖမ်းဆီးခံထားရသူ ၁၁ ဦးရှိ စစ်အာဏာသိမ်းတာကိုဆန့် ကျင်ကြောင်း ၂၀၂၁၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့က လားရှိုးမှာ ဆန္ဒပြစဉ်
Photo: RFA

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့လို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သဘာဝဘေးအန္တရာယ် ဆိုင်ရာပုဒ်မနဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရသူ (၁၀) ဦး၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅နဲ့ အမှုဖွင့်ဖမ်းဆီးခံရသူ (၁) ဦး ရှိနေပါတယ်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် NLD ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးချယ်ခံခဲ့တဲ့ ကိုထွန်းကိုကို အပါအဝင် ၅ ဦးကို လားရှိုး အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာ ဥပဒေပုဒ်မ ၂၅နဲ့ တရားစွဲခံထားရပါတယ်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်က မျက်မှန်လုပ်ငန်း လုပ်ကိုင်သူ ကိုမောင်မောင်လွင် ဆိုသူကိုလည်း သူရဲ့ဖေ့စ်ဘွတ်လူမှုကွန်ယက် စာမျက်နှာမှာ အာဏာဖီ ဆန်ရေးလှုပ်ရှားမှု ဆောင်ရွက်ခဲ့လို့ ဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲ ဆိုပြီး လားရှိုးအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

နမ္မတူမြို့၊ မိုင်းရယ် မြို့တွေမှာလည်း ဖမ်းဆီးခံထားရသူတွေရှိနေတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ မိသားစုကြား အဆက်အသွယ်မရဖြစ်နေပါတယ်။

အာဏာစတင်သိမ်းတဲ့နေ့မှာ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်း၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးစိုင်းဘိုဘို၊ ရှမ်းပြည်မြောက်ပိုင်း NLD ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ခံ ကိုမျိုး တို့လည်း ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက ခရိုင်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး တွေလည်း ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-23 20:23

We no wander, Lie, Thief, catch and kill to people Which are done by military coup.