သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-27
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက် ပြောင်းရွှေ့ပြီးဝန်ကြီးဌာန ၂ ခု ပူးပေါင်းဖို့အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီထံကို သဝဏ်လွှာပေးပို့ထားပါတယ်။
2016-01-26
အမေရိကန်ပြည်ထောင်စုက မြန်မာ လူမျိုးအများအပြားနေထိုင်တဲ့ ဖို့တ်ဝိန်း (Fort Wayne) မြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့တို့ကို ညီအမမြို့တွေအဖြစ် သဘောတူလက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။
2016-01-26
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၁ သောင်း ၁ ထောင့် ၅ ရာကျော်ထဲမှာ လူသတ်မှုနဲ့ ပြစ် ဒဏ်ကျခံနေရသူ ၂၃၀၀ ကျော်၊ သားမယား အဓမ္မပြုကျင့်မှု (မုဒိန်းမှု)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၇၀၀ ကျော်၊ လုယက် မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၅၀၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။
2016-01-26
ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ နဲ့ ဒေသခံတွေကို သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေ မလုပ်ဖို့ ရခိုင်ပြည်နယ်က အရပ် ဘက်လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး ပြည်ထောင်စုအစိုးရ ဆီ တောင်းဆိုလိုက်ပါတယ်။
2016-01-26
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာအုပ်စုအတွင်းမှာ မနေ့က မြေစာပုံပြိုကျမှု ၂ ကြိမ် ဖြစ်ပွားခဲ့ ရာ ရေမဆေးကျောက် ရှာဖွေသူ ၅ ဦး သေဆုံးခဲ့ပါတယ်။
2016-01-26
တရားဥပဒေစိုးမိုးရေးရှိဖို့အတွက် အုပ်ချုပ်ရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍ တို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ အကျင့်ပျက် ခြစားမှုတွေ ရှိနေတာ ကို တေ့ွရကြောင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေး ကော်မတီက ဒီနေ့ ပြည်သူ့လွှတ်တော်ထံ တင်သွင်း တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
2016-01-26
နိုင်ငံတော်သမ္မတက လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည် ထဲရေးဝန်ကြီး ဌာနအောက် ပြောင်းရွှေ့ပြီး ဝန်ကြီးဌာန ၂ ခုကို ပေါင်းဖို့ အတွက် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းကော်မတီထံ သဝဏ်လွှာ ပေးပို့ထား ပါတယ်။
2016-01-26
လာမယ့်ဖေဖေါ်ဝါရီလ ၁ ရက်နေ့ လွှတ်တော်အသစ်အစည်းအဝေးတွေကို တက်ရောက်မယ့် လွှတ်တော်ကိုယ်စား လှယ်တွေဟာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာကို ရောက် ရှိနေကြပြီး မနက်ဖြန်မှာ အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်တွေ မှာ တက်ရောက်လေ့လာကြမှာဖြစ်ပါတယ်။
2016-01-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ နေပြည်တော် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့ တွေ့ဆုံခဲ့ ပါတယ်။
2016-01-26
ရခိုင်ပြည်နယ်မှာ လာမယ့်အစိုးရသစ်လက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရသစ် အသုံးပြုဖို့ ငွေကျပ် ၁၄၅ ဘီလီယံကို သုံးစွဲ ခွင့်ပြုကြောင်း ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ အတည်ပြုလိုက် ပါတယ်။
2016-01-26
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများစုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစ ပြီး လယ်ယာမြေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေ ကို ဖြေရှင်းရာမှာ ၅၀ ရာခိုင်နှုန်းလောက်သာ ဖြေ ရှင်းနိုင်ခဲ့ပြီး ကျန်တဲ့လယ်ယာမြေ ပြဿနာတွေကို လာမယ့် အစိုးရသစ်လက်ထက် ဒုတိယအကြိမ် လွှတ်တော်ထံ လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
2016-01-25
လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် လွှတ်တော်တက်ရောက်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဟာ နေပြည်တော်ကို စတင်ရောက်ရှိနေကြပြီဖြစ်ပြီး လွှတ်တော်အစည်းတွေတက်ဖို့အတွက် စာရင်း သွင်းတာတွေ စိစစ်ရေးကဒ်ပြားထုတ်တာတွေလည်း လုပ်နေကြပါပြီ။
2016-01-25
ရခိုင်ပြည်နယ်မှာ လာမယ့်အစိုးရသစ် လက်ထက်မှာ ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ငွေကျပ် ၁၄၅ ဘီလီယံ သုံးစွဲ ခွင့်ပြုပြီး ရေးဆွဲထားတဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေမူကြမ်းကို ဒီနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး နောက် ဆုံးနေ့မှာ အတည်ပြုလိုက်ပါတယ်။
2016-01-25
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်းဒေသမှာ ကွင်းဆင်းစစ်ဆေးနေတဲ့ အထူးစုံစမ်းရေးအဖွဲ့ဟာ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေ အသုံးပြုနေတဲ့ စက်ယန္တရားအစီးရေ တစ်သောင်းကျော် ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
2016-01-25
ပုဂံမြို့ဟောင်းက ဧရာဟိုတယ်မှာ အစိုးရက သတ်မှတ်ထားတဲ့ တစ်နေ့ အနိမ့်ဆုံး လုပ်ခ ၃၆၀၀ ကျပ်မရတဲ့အတွက် လုပ်ငန်းခွင်မဝင် ဘဲ ဟိုတယ်ရှေ့မှာ ဆန္ဒပြနေတဲ့ ဝန်ထမ်း ၁၀၀ လောက်ဟာ အလုပ်ရှင်နဲ့ ညှိနှိုင်းမှု ပြေလည်သွားခဲ့ပါတယ်။