လယ်ယာမြေ ပြဿနာတွေအကြောင်း မေးမြန်းချက်


2016.01.26

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများစုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး လယ်ယာမြေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေကို ဖြေရှင်းရာမှာ ၅၀ ရာခိုင်နှုန်းလောက်သာ ဖြေရှင်းနိုင်ခဲ့ပြီး ကျန်တဲ့လယ်ယာမြေ ပြဿနာတွေကို လာမယ့် အစိုးရသစ်လက်ထက် ဒုတိယ အကြိမ်လွှတ်တော်ထံ လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကော်မရှင်ဟာ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကော်မရှင်ရဲ့နောက်ဆုံး အစီရင်ခံစာကို တင်သွင်းခဲ့ပြီး မကြာခင်မှာ ကော်မရှင်ကို ဖျက်သိမ်းမှာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တဲ့ နောက်ဆုံးအစီရင်ခံစာပါ အချက်တွေနဲ့ ကျန်ရှိနေတဲ့ လယ်ယာမြေပြဿနာတွေနဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။