သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-26
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေအတွက် တောင် ကိုရီးယား အစိုးရက နောက်ထပ်ကူညီငွေ အမေရိကန်ဒေါ်လာ ၂.၆သန်း ထောက်ပံ့မှာဖြစ်တယ်လို့ အင်္ဂါနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2017-12-26
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ နဲ့ ထောက်ကြန့်နယ်မြေရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို ရမန်ယူထားတာပြည့်ပြီဖြစ်တဲ့အတွက် မနက်ဖြန် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ရုံးထုတ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မိသားစုဝင်တွေဆီကို တရားဝင်အကြောင်း ကြားတာ မရှိသေးဘူးလို့ သတင်းထောက် ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန် က ဒီနေ့ ပြောပါတယ်။
2017-12-26
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့က ရေမိုင် ၂၂ မိုင်အကွာ ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ရက်ပိုင်း က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ပျောက်ဆုံးနေဆဲဖြစ်တဲ့ ရေလုပ်သား ၄၈ ယောက်ထဲက ၁၂ ယောက်ကို ပြန်လည်ရှာတွေ့ထားတယ်လို့ ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးက ဒီနေ့ ပြောပါတယ်။
2017-12-26
စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့က နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိတဲ့ ဒေါ်ခင်ကြည်ရိပ်သာကို လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပြန်လည်ပြုပြင်သွားမယ်လို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင် က ဒီကနေ့ ပြောပါတယ်။
2017-12-26
နေပြည်တော်က လွှတ်တော်အဆောက်အအုံကို ဒရုန်းနဲ့ရိုက်ကူးဖို့ ကြိုးစားနေစဉ်မှာ ဖမ်းဆီးခံရသူ လေးဦးအပေါ် စွဲဆိုထားတဲ့အမှုတွေကို တရားလိုဘက်က ပြန်လည်ရုပ်သိမ်းဖို့ ဒီကနေ့ ဇမ္ဗူသီရိမြို့နယ် တရားရုံံးမှာ လျှောက်ထား လိုက်ပါတယ်။
2017-12-26
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က တပ်သား ၃ ဦးနဲ့ အရပ်သား ၁ ဦးတို့ ကယားပြည် နယ် လွိုင်ကော်မြို့နယ်ထဲက KNPP ယာယီဂိတ်စခန်းတစ်ခုမှာ သတ်ဖြတ်ခြင်းခံရတဲ့ကိစ္စကို တပ်မတော်ဘက်က ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးရေးနဲ့ တရားမျှတမှုပေါ်ပေါက်ရေး အမြန်ဆုံးဖော်ဆောင်ပေးဖို့ UNFC က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2017-12-26
၂၀၁၇ ခုနှစ် ခရစ္စမတ် အခါသမယအတွက် အထူးအစီအစဉ်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် သြဝါဒစကားတွေ ဆုတောင်းစကားတွေနဲ့အတူ မသင်းသီရိက တင်ပြထားပါတယ်။
2017-12-26
တပ်မတော်နှင့် AA တို့ကြားက တိုက်ပွဲတွေကြောင့် ဒေသခံ မြိုတိုင်းရင်းသားတွေ ဘူးသီးတောင်မြို့နယ် ကနေ နေရပ်စွန့်ခွာလာပြီး မောင်တောမြို့နယ် (၃) မိုင် သီဟိုရ် သရက်တောခြံမှာ လာရောက်ခိုလှုံနေကြပါတယ်။
2017-12-26
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်ကျခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့ နောက်ဆုံးအယူခံ တင်သွင်းထားတဲ့ကိစ္စကို ကြားနာဖို့ နောက်ထပ်တစ်လ ထပ်မံ ရက်တိုးပေးလိုက်တယ်လို့ သိရပါတယ်။
2017-12-26
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပဒန်ရေကျော်ကျေးရွာက တောင်သူအယောက် ၅၀ ကျော် ပိုင်တဲ့ လယ်မြေ ၂၆၂ ဧကမှာ တန်ဖိုးနည်းအိမ်ရာ ၂ ခု ဆောက်လုပ်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်နေပါတယ်။
2017-12-26
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၀ ရက်နေ့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တာ ဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့် သေဆုံး ခဲ့တာဖြစ်ပြီး တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ပြီး ဥပဒေမဲ့ သတ်ဖြတ်ခဲ့တာ မရှိကြောင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-12-25
NLD ပါတီအစိုးရ တက်လာပြီး တစ်နှစ်ခွဲကျော်၊ ၂ နှစ်နီးပါးကာလမှာ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်တွေ ထပ်မဖြစ်ဖို့၊ ဒေသဖွံ့ဖြိုးရေး နဲ့ ထွက်ပြေးတိမ်းရှောင်သူတွေကို ပြန်လည်လက်ခံဖို့ လုပ်ဆောင်နေရတဲ့အတွက် ပြည်သူတွေရဲ့ စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အားနည်းနေပါတယ်။
2017-12-25
မြန်မာနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်မှုတွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာနေပါတယ်။ သက်ငယ်မုဒိမ်းမှုလျော့ကျရေးအတွက် ဆောင်ရွက်ရာမှာ ဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးကဏ္ဍမှာ အားနည်းချက်တွေ ရှိနေတာဟာလည်း ဒီရာဇဝတ်မှုတွေ များလာစေတဲ့အချက်လို့ ကလေးသူငယ်အရေး ဆောင်ရွက်နေသူတွေနဲ့ ဥပဒေပညာရှင်တွေက ပြောပါတယ်။
2017-12-25
၁၉၉၂ ခုနှစ်မတိုင်ခင်က အစိုးရတပ်မတော်နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာက ဒေသခံတွေ နယ်စပ်ဒေသကို ထွက်ပြေးခဲ့ကြရပါတယ်။
2017-12-25
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စု ဟော်နားကျေးရွာအစပ်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် ဟော်နားကျေးရွာက ဒေသခံတွေဟာ ရွာနဲ့တစ်မိုင်လောက်အကွာက နားဟိုင်းဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။