သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-24
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းက တရားမဝင်အဆောက်အဦးတွေကို စိစစ်ဖို့ အတွက် ပြည်နယ် အဆင့်အစိုးရ အရာရှိတွေ ပါဝင်တဲ့ စီမံ ခန့်ခွဲရေးကော်မတီ ဖွဲ့စည်းထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း က ပြောပါ တယ်။
2016-09-24
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ကစပြီး ကျူးကျော် စာရင်းတွေ ကောက်ယူခဲ့ရာမှာ မြို့နယ် အုပ်ချုပ်ရေးက အရင်ကောက်ယူထားတဲ့စာရင်းတွေ ထက် အိမ်ထောင်စုထောင် ချီပြီး ပိုများနေပါတယ်။
2016-09-24
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက KIA တပ်ရင်းရှိတဲ့ အင်ခန်ဘွန်း တောင်ကုန်းမှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတာ သုံး လေးရက်ခန့်ရှိနေပြီး မနေ့ ညနေပိုင်းက တိုက်ပွဲပိုပြင်းထန်လာတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2016-09-24
တနင်္သာရီတိုင်းဒေသကြီးက မြို့နယ် ၄ ခုမှာ စက်တင်ဘာလအတွင်း မူးယစ်ဆေးဝါးဖြတ်သူ ၁၂၀ ကျော်ရှိနေပြီး မြို့နယ် ၁၀ မြို့နယ်လုံးမှာလည်း လုပ်ဆောင် သွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။
2016-09-24
ရန်ကုန်မြို့က အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူမိန်းကလေး ၂ ယောက်ကို ပိုင်ရှင်မိသားစုက နှိပ်စက် ညှဉ်းပန်းခဲ့တဲ့ကိစ္စကို စုံစမ်းဖော်ထုတ် ရေး သားခဲ့တဲ့ Myanmar Now သတင်းဌာနက သတင်းထောက်ချုပ် ဦးဆွေဝင်း ကို ဒီကနေ့ နိုင်ငံတော်သမ္မတရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်လိုက်ပါတယ်။
2016-09-24
ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တပိုဒ်ချင်းအလိုက် ဆွေးနွေးပြီး မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
2016-09-24
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ အမှတ်-၄၂၂ ခြေမြန်တပ်ရင်းက သိမ်းဆည်းထားတဲ့ မြေတွေထဲက ပိုလျှံမြေတွေကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှူးရဲ့ ညွန်ကြားချက်အတိုင်း ပြန်လည်ပေးအပ်ဖို့ ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။
2016-09-24
ရက်ပေါင်း ၁၀၀ ကျော်အကြာ ထိုင်သပိတ်ဆင်နွှဲနေကြတဲ့ ပလိပ် ချည်မျှင်အထည်နဲ့ အချောကိုင်စက်ရုံ ဝန်ထမ်းတွေက စက်မှုဝန်ကြီးဌာနအနေနဲ့ လာရောက်ကွင်းဆင်း ဖြေရှင်းပေးဖို့ ဒီကနေ့ မန္တလေးတိုင်း ပလိပ်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2016-09-24
ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေက တရားမဝင် ဆောက်လုပ် ထားတဲ့ ဗလီတွေ အပါအဝင် အဆောက် အဦး ၃၀၀၀ ကျော်ကို ဖျက်သိမ်းဖို့ ရခိုင်ပြည်နယ် အစိုးရက စီစဉ်နေတာကို နိုင်ငံတကာက ရိုဟင်ဂျာ ၁၁ ဖွဲ့က ကြေညာ ချက်တစောင် မနေ့က ထုတ်ပြန်ပြီး ကန့်ကွက်ရှုံ့ချလိုက် ပါတယ်။
2016-09-24
ဂျပန်နဲ့ မြန်မာနိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ဂျပန် ကာကွယ်ရေး ဝန်ကြီး Tomomi Anada တိုမိုမီး အနားဒ တို့ စက်တင်ဘာ ၂၁ ရက်နေ့က သဘော တူညီခဲ့ကြောင်း အပတ်စဉ်ထုတ် ဂျိန်း ကာကွယ်ရေး စာစောင်မှာ မနေ့ က ဖေါ်ပြလိုက်ပါတယ်။
2016-09-23
ဥရောပနိုင်ငံများအဖွဲ့ EU က ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတိုးတက်မှုတွေ ကို ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ဂုဏ်ပြုတင်ပြခဲ့ပြီး ၁၅ နှစ်ခန့် ဆက်တိုက် တင်သွင်းလာခဲ့တဲ့ မြန်မာပြည် အပေါ် ပြစ်တင်ရှုံ့ချတဲ့ဆုံးဖြတ်ချက် ချမှတ်ရေး အဆိုကို အခုနှစ်မှာ EU အနေနဲ့ တင်ပြ တောင်းဆိုတော့မှာ မဟုတ်ကြောင်း သောကြာနေ့ မနေ့က ပြောကြားလိုက် ပါတယ်။
2016-09-23
ကျောက်တံတားမြို့နယ်မှာ အိမ်အကူမိန်း ကလေးငယ်များအား ညှဉ်းပန်း နှိပ်စက်ပြီး လုပ်ခလစာတွေ မပေးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အရေးယူ ဆောင်ရွက်နေတဲ့ ပြစ်မှုမှာ ပါဝင်ကျူးလွန်သူ ကိုရာဇာထွန်း၊ (၂၅)နှစ်ကို ၂၃ ရက် နေ့လည်မှာ ဖမ်းဆီးရ မိခဲ့လို့ ဆက်လက်အရေးယူနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်လိုက်ပါတယ်။
2016-09-23
တရားဥပဒေစိုးမိုးရေးအတွက် တစ်နိုင်ငံလုံးမှာ အင်အား ၈ သောင်းရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်း လဲရေး ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာ RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-09-23
လတ်တလောဖြစ်ပွားနေတဲ့ အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေးငယ်တွေ နှိပ်စက်ခံရမှုအပါအဝင် မြန်မာနိုင်ငံမှာ အိမ်အကူအမျိုးသမီးတွေ မတရားညှဉ်းပန်းနှိပ်စက်ခံနေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ကိစ္စတွေ ဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-09-23
ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ ဝန်ထမ်းတွေ လာဘ်စားရင် တိုက်ရိုက် တိုင်ကြားနိုင်ကြောင်းနဲ့ တိုင်ကြားမှု မှန်ကန်ပါရင် အရေးယူသွားမှာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အာကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်ပါ တယ်။