ရခိုင်ပြည်နယ်က ဗလီတွေ မဖျက်ဖို့ ရိုဟင်ဂျာတွေ တောင်းဆို


2016.09.24
hteinlin-rakhine-620.jpg ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း(အလယ်)နဲ့ ဒေသခံတွေ စက်တင်ဘာလ ၂ဝ ရက်နေ့က စစ်တွေမြို့ မင်းသူရိယခန်းမမှာ တွေ့ဆုံကြစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေက တရားမဝင် ဆောက်လုပ်ထားတဲ့ ဗလီတွေ အပါအဝင် အဆောက်အဦ ၃၀၀၀ ကျော်ကို ဖျက်သိမ်းဖို့ ရခိုင်ပြည်နယ် အစိုးရက စီစဉ်နေတာကို နိုင်ငံတကာက ရိုဟင်ဂျာ ၁၁ ဖွဲ့က ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ပြီး ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။

ဒီလိုဖျက်သိမ်းဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက စက်တင်ဘာလ ၁၈ ရက်နေ့က အမိန့်ထုတ်ပြန် ပြီး မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ထပ်မံ အတည်ပြုတယ်လို့ ကြေညာ ချက်မှာပါရှိပါတယ်။

န-စ-က လို့ခေါ်တဲ့ နယ်စပ်လုံခြုံရေး ကွပ်ကဲရေးအဖွဲ့ကို ၁၉၉၂ ခုနှစ်မှာ စတင်ဖွဲ့စည်း ချိန်ကစလို့ အာဏာပိုင်တွေ က ခွင့်မပြုဘဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အဆောက် အဦးဆောက်လုပ်တာနဲ့ တိုးချဲ့ဆောက်လုပ်တာတွေ ခွင့်မပြုဘဲ အိမ်နဲ့ ခြံစည်းရိုးပြင်ရင်တောင် ခွင့်ပြုချက်ယူရတယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။