တောင်ဒဂုံမြို့နယ်မှာ ကျူးကျော်နေထိုင်သူ မူရင်းစာရင်း ထက်များနေ
2016.09.24
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ကစပြီး ကျူးကျော်စာရင်းတွေ ကောက်ယူခဲ့ရာမှာ မြို့နယ်အုပ်ချုပ်ရေးက အရင်ကောက်ယူထားတဲ့စာရင်းတွေထက် အိမ်ထောင်စုထောင်ချီပြီး ပိုများနေပါတယ်။
အဲလိုဖြစ်တာဟာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတချို့ရဲ့ အကျင့်ပျက်ခြစားမှုတွေ ကြောင့်ဖြစ်တယ်လို့ စာရင်းကောက်ယူရာမှာ ဝန်းရံပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ က ပြောပါတယ်။
ဦးညီညီ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။