သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-25
တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံ ကိန်းကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်ဖီလာကျေး ရွာအုပ်စုမှာ လယ်ဧက ၃၅ဝ လောက် ပျက်စီးခဲ့တဲ့အတွက် အဲ့ဒီလယ်တွေအတွက် လျော်ကြေးငွေရရှိဖို့ ဒေသခံ ၂ဝဝ လောက်က အမ်းမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ ပါတယ်။
2015-09-25
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့ နယ် ဂွေးကုန်းကျေးရွာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီတာငြိမ်း မဲဆွယ် စည်းရုံး ဟောပြောစဉ်မှာ ခဲနဲ့ပစ်ပေါက်ခံရတဲ့အတွက် တရားခံကို စုံစမ်းဖော်ထုတ်ပေးဖို့ ရဲစခန်းမှာ အမူဖွင့် တိုင်ကြားထားတယ်လို့ ပြောပါတယ်။
2015-09-25
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအုပ်စု အနောက် ရွာမှာရှိတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရုံး ဆိုင်းဘုတ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖျက်ဆီးခံလိုက်ရပြီး အဲ့ဒီကျေးရွာမှာရှိတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးဆိုင်းဘုတ်ကို လည်း ဖြုတ်ချပေးဖို့ ဖိအားပေးတာတွေရှိတယ်လို့ သိရ ပါတယ်။
2015-09-25
မွန်ပြည်နယ်မှာ ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင် စာရင်းတွေမှာ အမည်မပါတာကြောင့် ပြည် နယ်ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားသူ နှစ်ထောင်ကျော်ရှိတယ်လို့ မွန်ပြည် နယ် ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က ပြော ပါတယ်။
2015-09-25
လာမယ့်ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရင် တိုင်းရင်း သားတွေ အပါအဝင် လူထုလူတန်းစားအားလုံး အဖွဲ့အစည်း အားလုံးနဲ့ လက်တွဲဆောင်ရွက်မယ်လို့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကတိပေးပြော ကြားလိုက်ပါတယ်။
2015-09-25
တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးဖို့ အဆင့် သင့်ဖြစ်နေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
2015-09-25
ကချင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၉ဝ ကျော်မှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲပေးနိုင် သူတွေအနေနဲ့ မဲစာရင်းမှာ မိမိတို့နာမည်ပါအောင် သက်ဆိုင်ရာ ကော်မရှင်ရုံးခွဲတွေမှာ လျှောက်ထားနိုင် တယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ က ပြောပါတယ်။
2015-09-25
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာက ခဲသတ္တုတူးဖော်နေတဲ့ Delco ကုမ္ပဏီရဲ့ စွန့်ပစ်နုန်းကန်ပြိုကျတဲ့အတွက် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက် သေဆုံးပြီး အိမ်ခြေ ၈ဝ ကျော် ပျက်စီးသွားပါတယ်။
2015-09-25
မျိုးစောင့်ဥပဒေလေးခုကို ပြဌာန်းနိုင်တဲ့ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုပွဲကိုအမျိုးဘာသာသာသ နာ စောင့်ရှောက်ရေးအဖွဲ့တွေက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ တပေါင်းကွင်းနဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီကနေ့ တပြိုင် နက်တည်း ကျင်းပခဲ့ပါတယ်။
2015-09-25
ကချင်ပြည်နယ်မှာ ပူတာအိုခရိုင်မှာ လက်ရှိ လမ်းတံတားတွေ ပျက်စီးနေပြီး သွားလာရေးခက်ခဲနေတာကြောင့် နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဖို့အတွက် ကျေးရွာတွေကို သွားလာဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2015-09-25
လာမယ့်ရွေးကောက်ပွဲမှာ စစ်တွေမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦးရှိပြီး အဲဒီထဲမှာတချို့က မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ကို စတင်လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။
2015-09-25
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ မြိတ်ခရိုင်က ကော်မရှင်အဖွဲဝင်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲတွေနဲ့ မဲစာရင်းတွေ၊ ကြိုတင်မဲကိစ္စတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့က ပုလဲရတနာခန်းမှာ မနေ့က တွေဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-09-25
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ ၆ပါတီလောက်ရှိပေမယ့် ဒေသခံံတွေဟာ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားသူနည်းပါးနေပါတယ်။
2015-09-25
လက်ရှိအာဏာရ ကြံခိုင်ရေးပါတီ USDP က မကွေးမြို့မှာ လှည့်လည်ပြီး ရွေးကောက်ပွဲအတွက် ဒီကနေ့မဲဆွယ်ကြပါတယ်။
2015-09-25
ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်တွေမှာ မနေ့ကစပြီး မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။