သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-27
နိုင်ငံရေးယုံကြည်ချက်ကြောင့် ပြည် ပရောက်သွားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေ ပြည်တော်ပြန်နိုင်ဖို့ အစိုးရသစ်ရဲ့ ရက်ပေါင်းတစ်ရာဆောင်ရွက်ချက်မှာ ထည့်သွင်းလုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောလိုက်ပါတယ်။
2016-05-27
ရှမ်းပြည်မြောက်ပိုင်းကျောက်မဲနဲ့ လာရှိုးအနီးမှာ SSPP/SSA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး SSA မြောက် ပိုင်းတပ်ဖွဲ့ဌာနချုပ်ကို သွားရောက်တဲ့လမ်းမှာ အစိုးရတပ်တွေက ဂိတ်ဖွင့်စစ်ဆေးနေတယ်လို့ SSA တပ်ဖွဲ့ကပြောပါတယ်။
2016-05-27
ရန်ကုန်မြို့မှာ The Wings Capacity Building School ဖွဲ့စည်းတည်ထောင်ထားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း/ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌဟောင်း ကိုလင်းထက်နိုင်ဟာ အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်ရဲ့ လူငယ်ခေါင်းဆောင်မှုသင်တန်းဆင်းပွဲအတွက် ဝါရှင်တန်ဒီစီမြို့ကို ပြီးခဲ့တဲ့ သတင်းပတ်က လေ့လာရေးရောက်ခဲ့ပါတယ်။
2016-05-27
မြန်မာနိုင်ငံသားတွေ အခက်အခဲဖြစ်နေတဲ့ ဧည့်စာရင်းတိုင်ရမယ့်ဥပဒေကို ဖျက်သိမ်းနိုင်ဖို့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ဦးအောင်သိန်းက ဆွေးနွေးခဲ့ပြီး၊ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
2016-05-26
နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကို မေလ ၂၆ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုး ရုပ်သိမ်းလိုက်ပါတယ်။
2016-05-26
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အဖွဲ့တွေ နေပြည်တော်မှာ ဒီကနေ့ကစလို့ (၂) ရက်ကြာ အစည်းအဝေးကျင်းပမှာဖြစ်ပြီး၊ UPDJC အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သွားဖို့ရှိနိုင်တယ်လို့ UPDJC အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။
2016-05-26
ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ ၊ ကရင်ဒီမိုကရက်တစ်ပါတီ စတဲ့ ကရင်ပါတီ ၅ ပါတီကို ပေါင်းစည်းပြီး ပါတီတစ်ခုတည်းဖြစ်ဖို့အတွက် ပါတီခေါင်းဆောင်တွေ ကြိုးပမ်းနေကြပါတယ်။
2016-05-26
ကယားပြည်နယ်၊ ဖာဆောင်းမြို့နယ်၊ မော်ချီးသတ္တုတွင်းဒေသက ရပ်ကွက် ၃ ခုမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မြေပြိုကျပြီးနောက်ပိုင်း ပိတ်ထားခဲ့တဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို ဒီနှစ်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မသေချာသေးပါဘူး။
2016-05-26
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော် မတီ UPDJC ကို ပြင်ဆင်ဖွဲ့စည်းမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ UPDJC ဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့အခါ ဘာတွေ ဆွေးနွေးမလဲဆိုတာကို မူဘောင်ရေးဆွဲတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ မနက်ဖြန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။
2016-05-26
ဒီနှစ် ၂ဝ၁၆ - ၂ဝ၁၇ ပညာသင်နှစ်မှာ မူလတန်း အလယ်တန်းနဲ့ အထက်တန်းအဆင့်အားလုံးကို အခမဲ့ ကျောင်းအပ်နိုင်ပြီး မူလတန်းအဆင့်ကို အစိုးရက ကျောင်းသုံးစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ အခမဲ့ ထောက်ပံ့ပေးနေပါတယ်။
2016-05-26
ဒီနှစ် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှာ မူလတန်း အလယ်တန်းနဲ့ အထက်တန်းအဆင့်အားလုံးကို အခမဲ့ ကျောင်းအပ်နိုင်ပြီး မူလတန်းအဆင့်ကို အစိုးရက ကျောင်းသုံးစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ အခမဲ့ ထောက်ပံ့ပေးနေပါတယ်။ သူငယ်တန်း သင်ရိုးညွှန်းတန်းကိုလည်း ဒီနှစ်ကစပြီး ပြောင်းလဲ သင်ကြားတော့မှာ ဖြစ်ပါတယ်။
2016-05-26
ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ် ပါတီ... စတဲ့ ကရင် နိုင်ငံရေးပါတီ ၅ ခုကို တခုတည်းဖြစ်အောင် ပေါင်းစည်းဖို့ ပါတီခေါင်းဆောင်တွေ ကြိုးပမ်းနေကြရာမှာ၊ အားလုံးလက်ခံနိုင်မယ့် ပါတီဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်မူအပေါ် သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
2016-05-26
ကချင်ပြည်နယ်မှာ ပြီခဲ့တဲ့ ဖေဖော်ဝါရီလကနေ မေလ (၂၆) ရက်နေ့ ဒီကနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ခေါင်လန်ဖူးမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားပြီး စားနပ်ရိက္ခာပြတ်လပ်နေတာကို ပြည်နယ်အစိုးရအနေနဲ့ အကူအညီပေးဖို့နဲ့ လမ်းတွေပြင်ဆင်ပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက အရေးကြီးအဆိုတင်သွင်းခဲ့ကြပါတယ်။
2016-05-26
ဝန်ကြီးချုပ် ဦးဇော်မြင့်မောင် ဦးဆောင်တဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့ဟာ မန္တလေးတိုင်းအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်း ၂၆ ဖွဲ့က ကိုယ်စားလှယ်တရာကျော်နဲ့ မေလ (၂၆) ရက်နေ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-05-26
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် နော်ရှောင်းပညာရေးကွန်ရက်က လက်ထောက်သင်တန်းမှူးတဦးဖြစ်တဲ့ လနမ်တူးဟာ အမေရိကန် သမ္မတဟောင်း George W. Bush တည်ထောင်ထားတဲ့ Bush Institute ရဲ့ အစီအစဉ်နဲ့ အမေရိကန်နိုင်ငံကို ခေတ္တရောက်ရှိနေပါတယ်။