အစိုးရသစ်နဲ့ အခမဲ့ပညာရေးစနစ်
2016.05.26
ဒီနှစ် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှာ မူလတန်း အလယ်တန်း နဲ့ အထက်တန်းအဆင့်အားလုံးကို အခမဲ့ ကျောင်းအပ်နိုင်ပြီး မူလတန်းအဆင့်ကို အစိုးရက ကျောင်းသုံးစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ အခမဲ့ ထောက်ပံ့ပေးနေပါတယ်။ သူငယ်တန်းသင်ရိုးညွှန်းတန်းကိုလည်း ဒီနှစ်ကစပြီး ပြောင်းလဲ သင်ကြားတော့မှာ ဖြစ်ပါတယ်။ ပညာရေးမှာ ထောက်ပံ့ပေးနေတဲ့အပေါ် မိဘတွေ နဲ့ ဆရာတွေရဲ့အမြင်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။