မော်ချီးမှာ ကျောင်းတွေ ပြန်မဖွင့်နိုင်သေး


2016.05.26

ကယားပြည်နယ်၊ ဖာဆောင်းမြို့နယ်၊ မော်ချီးသတ္တုတွင်းဒေသက ရပ်ကွက် ၃ ခုမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မြေပြိုကျပြီးနောက်ပိုင်း ပိတ်ထားခဲ့တဲ့ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို ဒီနှစ်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မသေချာသေးပါဘူး။ အဲ့ဒီရပ်ကွက် ၃ ခုက ကျောင်းနေအရွယ် ကလေး ၆ဝဝ ကျော် ကျောင်းတက်နိုင်ဖို့ ခက်ခဲနေတာနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းဖို့ ဒေသခံတွေက ပြင်ဆင်နေပါတယ်။ ဒေသခံ ကိုအာရုဏ်ဦးကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။