သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-25
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးရုံးခန်းနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးရုံးခန်းတွေ ပြီးခဲ့တဲ့ သြင်္ကန်ရုံးပိတ်ရက်အတွင်းက ဖောက်ထွင်းခံခဲ့ရပါတယ်။ အဲဒီလိုဖောက်ထွင်းခံရတာကို ဧပြီလ ၂၄ ရက်နေ့ ရုံးဖွင့်ချိန်မှာမှ သိခဲ့ရတာဖြစ်ပါတယ်။ ရှမ်းတိုင်းရေးရာဝန်ကြီးရုံးခန်းက မီးခံသေတ္တာတစ်လုံး ပျောက်ဆုံးခဲ့ပါတယ်။
2017-04-25
ရှမ်းပြည်နယ် မန်တုံမြို့မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းဖို့ ဒေသခံ ၇၀၀ လောက်က ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။ မန်တုံမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေနဲ့ သုံးစွဲတာတွေ အရင်ကထက် ပိုများလာနေတဲ့အတွက် ဒီကနေ့ ဆန္ဒပြကြတာဖြစ်ပြီး သူ့အနေနဲ့လည်း လာမယ့်ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပြောပါတယ်။
2017-04-25
အိန္ဒိယနိုင်ငံဆီက ဆေးဝါးနဲ့ ပတ်သက်တဲ့ အကူအညီတွေရရှိဖို့ မြန်မာနဲ့ အာဖဂန် နစ္စတန်ရဲ့ အဆိုပြုချက်တွေကို အိန္ဒိယ အစိုးရက စဉ်းစားနေပါတယ်။
2017-04-25
ရှမ်းပြည်နယ် မန်တုံမြို့နယ်မှာ မူးယစ်ဆေး ဝါးရောင်းဝယ်ဖောက်ကားတာတွေနဲ့ သုံးစွဲ သူတွေများလာတာကြောင့် ဒေသခံ ၇၀၀ လောက်က မူးယစ်ဆေးကာကွယ်တိုက်ဖျက်ပေးဖို့ ဒီ ကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-04-25
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေအနေနဲ့ ဗီဇာရရှိပြီး ၁၅ ရက်အတွင်း အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားဖို့ သတ်မှတ် ထားတာကို ရက် ၆၀ အထိ တိုးမြှင့်ပေးဖို့အတွက် ထိုင်း အလုပ်သမားရေးရာဝန်ကြီးဌာနကို စာတင်တောင်းဆို ဖို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြင် ဆင်နေပါတယ်။
2017-04-25
ပုဂ္ဂလိကကို ငှားရမ်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် မြေ ယာတွေရဲ့ ငှားရမ်းခနှုန်းထားဟာ ခေတ် ကာလ ပေါက်ဈေးနဲ့ ကွာခြားနေပြီး တိုင်းပြည်အတွက် ဝင်ငွေနဲ့ အခွန်အခတွေ နစ်နာနေရတယ်လို့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တေ်ာ ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် က ပြောပါတယ်။
2017-04-25
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်က မနောကွင်းမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေက ကချင်တိုင်းရင်း သားတွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားတစ်ခုကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-04-25
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း ထဲက ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ရုံးခန်းနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ရုံးခန်းတွေကို ပြီးခဲ့တဲ့ သြင်္ကန်ရုံး ပိတ်ရက်အတွင်းမှာ ဖောက်ထွင်းခံခဲ့ရပါတယ်။
2017-04-25
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူး၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွေကနေ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ၃ ဦးကို ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းလိုက်ပါတယ်။
2017-04-24
အစိုးရသစ် တနှစ်ပြည့်အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲကို နေပြည်တော် ပြန်ကြားရေးဝန်ကြီး ဌာနမှာ ဆက်လက်ကျင်းပရာမှာ၊ ဒီကနေ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး-မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ရှင်းလင်းခဲ့ပါတယ်။
2017-04-24
ရန်ကုန်မြို့က YBS ဘတ်စ်ကားစနစ်ကို ပိုမိုကောင်းမွန်လာစေရေးအတွက် အရေးယူဆောင်ရွက်ချက် တွေကို အများပြည်သူသိရှိအောင် ပွင့်လင်းမြင်သာစွာ ချပြဖို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် တင်သွင်းတဲ့အဆိုကို ဒီကနေ့ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် ရန်ကုန်တိုင်းလွှတ်တော်မှာ ကိုယ်စားလှယ် ၂၆ ဦးက ထောက်ခံဆွေးနွေး အကြံပြုခဲ့ကြပါတယ်။
2017-04-24
ပြီးခဲ့တဲ့ဧပြီလ ၁၄ ရက်နေ့က သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရတဲ့ အမှုမှာ ပြစ်မှုကျူးလွန်သူ တရားခံ ၂ ဦးကို ဖမ်းဆီးရမိတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက သတင်း ထုတ်ပြန်ထားပါတယ်။
2017-04-24
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းကကျင်းပရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
2017-04-24
ပြီးခဲ့တဲ့ အစိုးရလက်ထက် မကွေးတိုင်း ရေနံလက် ယက်တွင်းတွေကနေ ကောက်ယူထားတဲ့ ပြည်သူ့ ဘဏ္ဍာငွေ ၇ဘီလီယံကျပ် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး သမ္မတရုံးက စိစစ်အရေးယူမှာဖြစ်ပါ တယ်။
2017-04-24
YBS ဘတ်စ်ကားစနစ်သစ်နဲ့ပတ်သက်လို့ အဆင် မပြေမှုတွေ၊ မေးခွန်းထုတ်စရာ ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ အမတ် ၂၆ ယောက် တင်ပြဆွေးနွေးပွဲကို တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မတက်ရောက်ပဲ ခွင့်ယူ လိုက်တဲ့လုပ်ရပ်အပေါ် လေ့လာသူတွေအကြား ဝေဖန်ပြစ်တင်မှုတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်သွားခဲ့ပါတယ်။