မန္တလေးအစိုးရဝန်ကြီးရုံးခန်း ၂ ခုဖောက်ထွင်းခံရမှု မေးမြန်းချက်


2017.04.25

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးရုံးခန်းနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးရုံးခန်းတွေ ပြီးခဲ့တဲ့ သြင်္ကန်ရုံးပိတ်ရက်အတွင်းက ဖောက်ထွင်းခံခဲ့ရပါတယ်။ အဲဒီ လို ဖောက်ထွင်းခံရတာကို ဧပြီလ ၂၄ ရက်နေ့ ရုံးဖွင့်ချိန်မှာမှ သိခဲ့ရတာဖြစ်ပါတယ်။ ရှမ်းတိုင်းရေးရာဝန်ကြီးရုံးခန်း က မီးခံသေတ္တာတစ်လုံး ပျောက်ဆုံးခဲ့ပါတယ်။

အခုလို ဖောက်ထွင်းခံရတဲ့ ဖြစ်စဉ်ဟာ တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးမှာ လုံခြုံရေးပိုင်းအားနည်းချက်ကြောင့်သာဖြစ် တယ်လို့ မန္တလေးတိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် ကပြောပါ တယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီး ဦးမျိုးသစ် ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။