သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-25
နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာမှာ ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ပေးနေတဲ့အကြောင်း ဗလီဂေါပကတွေကို ပဲခူးလဝကရုံးက ထောက်ခံလက်မှတ် ထိုးခိုင်းခဲ့တဲ့ကိစ္စ အရေးယူပေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကို ပဲခူးမြို့က အစ္စလာမ်ဘာသာဝင် ၈ ရာကျော်က လက်မှတ်ရေးထိုး တိုင်ကြားလိုက်ပါတယ်။
2019-03-25
၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားတယ်လို့ စစ်ဆေးတေ့ွရှိတဲ့ ပုဂ္ဂိုလ် ၄၆ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုနိုင်ခဲ့တယ်လို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က မတ်လ ၂၃ ရက်နေ့က ပြောလိုက်ပါတယ်။
2019-03-25
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ RCSS နဲ့ SSPP ရှမ်းလက်နက်ကိုင် နှစ်ဖဲ့ွ ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ RCSS ပိုင် Tai Freedom ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2019-03-25
အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အပါအဝင် GGS ကုမ္ပဏီတာဝန်ရှိသူ ၃ ဦး ကို ထားဝယ်မြို့မှာရှိတဲ့ တနင်္သာရီတိုင်းတရားလွှတ်တော်မှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2019-03-24
မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးအတွက် လုပ်ဆောင်ရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပြည်သူကသာ အဓိကကျကြောင်း၊ အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြည်သူကိုချပြဖို့ လိုလားကြောင်း KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားလိုက်ပါတယ်။
2019-03-24
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခ အခြေအနေတွေကို အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေချမှတ်ပြီး ဖြေရှင်းလို့ ရနိုင်ကြောင်း ANP ပါတီ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားလိုက်ပါတယ်။
2019-03-24
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ နုတ်ထွက်ခွင့်တင်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေထဲက ၆၀ ဝန်းကျင်လောက် ပြန်လည်တာဝန်ထမ်းဆောင်ဖို့ တင်ပြထားတယ်လို့ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင် က RFA ကို ပြောပါတယ်။
2019-03-24
ရက္ခိုင့်တပ်မတော် AA ရဲ့ နိုင်ငံရေး၊ စစ်ရေး လုပ်ဆောင်ချက်တွေဟာ ပြည်ထောင်စုပြိုကွဲရေးကို လုပ်ဆောင်နေတာ မဟုတ်ဘဲ တန်းတူညီတူ အခွင့်အရေးအတွက် ကြိုးပမ်းမှုသာဖြစ်တယ်လို့ AA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောလိုက်ပါတယ်။
2019-03-24
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ်ကျေးရွာရဲစခန်းမှူး ရဲအုပ် ကျော်ကျော်လှဟာ မနေ့ညက ပစ်ခတ်လုပ်ကြံခံလိုက်ရပါတယ်။
2019-03-24
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြင်ဦးလွင်မြို့မှာ ဒေသခံ တစ်ထောင်ခန့်က ဒီနေ့ ထောက်ခံပွဲ ကျင်းပခဲ့ပါတယ်။
2019-03-24
ရှမ်းပြည်နယ်မြောက်ပိုင်း"ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေဖြစ် တဲ့ မိုင်းမောမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၄၈ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက RFA ကို ဒီနေ့ ပြောပါတယ်။
2019-03-24
ပဲခူးတိုင်းဒေသကြီးက ဆွာရေလှောင်တမံ ကျိုးကျလို့ နေအိမ်တွေပြိုလဲ၊ ပျက်စီးခဲ့တဲ့ ကျွန်းတောစုကျေးရွာ က နေအိမ်တချို့ကို ကျေးရွာအသစ်ကို မတ် ၂၁ ရက်ကစပြီး ပြောင်းရွှေ့ပေးခဲ့ပေမယ့် ကျေးရွာသစ်က နေအိမ်တွေ အတော်တော်များများဟာ ဆောက်လုပ်လို့ မပြီးသေးတာကြောင့် ဒေသခံတွေ အခက်ခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။
2019-03-24
ရက္ခိုင့်တပ်မတော် AA အပေါ် သဘောထား၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုအရေး၊ ဒေါက်တာအေးမောင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတဲ့ကိစ္စ စတာတွေနဲ့ ပတ်သက်ပြီး ANP ပါတီက ဦးဦးလှစောကို RFA ဝိုင်းတော်သား ဦးကျော်မင်းထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2019-03-23
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို ဘင်္ဂလား ပင်လယ်အော်ထဲက ကျွန်းတစ်ကျွန်းပေါ်ကို ပြန်လည်နေရာချထားရေးကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကို ကူညီဖို့ ကုလသမဂ္ဂက စီစဉ်နေပါတယ်။
2019-03-23
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ရပ်တည်ချက်အမြင်တွေနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးကောင်စီ KIC ရဲ့ ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် ဂွမ်မော်ကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာက တွေ့ဆုံမေးမြန်းထားပါတယ်။