သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-24
၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ အခွန် အကောက် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ဆင်အဆိုပြု ချက်တွေနဲ့ ဆွေးနွေးပြီး ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2017-02-24
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ အညီမဟုတ်ဘဲ ဘူူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေမှာ မွတ်ဆလင်တွေ ကို နိုင်ငံသားအဖြစ် ပေးနေတယ်ဆိုပြီး မောင်တော မြို့ ဒေသခံတွေက ပြည်နယ်လွှတ်တော်ဥက္ကဌဆီကို တိုင်ကြားလာတာကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ အထူးကြားနာစုံစမ်းရေးလုပ်ငန်းအဖွဲ့က ဒီကနေ့ သွားရောက်လေ့လာစုံစမ်းနေပါတယ်။
2017-02-24
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသက ကျောက် မီးသွေးလောင်စာသုံးနေတဲ့ MCL ဘိလပ်မြေစက်ရုံ စမ်းသပ်လည်ပတ်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်နိုင်မှုနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနက ဒီကနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။
2017-02-24
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက လုပ်ငန်း သုံးကားတချို့ကို တားဆီးထားပြီး ဒေသခံတွေ သီးနှံလျော်ကြေးရဖို့ ဆန္ဒပြတောင်းဆိုနေကြပါ တယ်။ တိုင်းဒေသကြီးအစိုးရကတော့ ဒီပြဿနာ ကို ပြေလည်အောင် ညှိနှိုင်းနေတယ်လို့ ပြော ပါတယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သီးနှံလျော်ကြေးရဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ နောက် ဆုံးအခြေအနေကို မသင်းသီရိပြောပြမှာပါ။
2017-02-24
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သုံးစွဲဖို့အတွက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီ NRPC ၊ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက် မှု စောင့်ကြည့်ရေးအဖွဲ့တွေအတွက် ရန်ပုံငွေတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိုနှိုင်းရေးအဖွဲ့က ဒီကနေ့ နေပြည်တော်က NRPC ရုံးမှာပြုလုပ်တဲ့စည်းအဝေးမှာ အတည်ပြုပေးလိုက် ပါတယ်။
2017-02-23
ဆောက်လုပ်ရေးဝန်ကြီးဌာနက ချပေးတဲ့ ကန်ထ ရိုက်စနစ်တွေမှာ ဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန် ထားတဲ့ လုပ်ငန်းလမ်းညွန်ချက်တွေအတိုင်း လိုက်နာကျင့်သုံးဖို့ အားနည်းတာတွေရှိနေပြီး၊ ကိုယ်နဲ့ အဆင်ပြေသူတွေကိုသာ ချပေးနေတာတွေ ရှိတဲ့အကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တွေက ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2017-02-23
ဥပဒေပြုရေးကဏ္ဍအတွက် မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်း တွေ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို မန္တလေးမြို့ Hotel Hazel မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-02-23
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေဟာ ရန်ကုန် မြောက်ပိုင်းခရိုင် အတွင်းမှာရှိတဲ့ ရဲအချုပ်ခန်းတွေ၊ တရားရုံး အချုပ်ခန်းတွေနဲ့၊ ရဲဘက်စခန်းတွေမှာ ပြစ်ဒဏ် ကျခံနေရသူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိမရှိ ဒီကနေ့ လိုက်လံစစ်ဆေးခဲ့ပါတယ်။
2017-02-23
တောင်သူလယ်သမားတွေ မနစ်နာဖို့ အလေးချိန်ခွင် နှုန်းထားတွေ တန်းတူဖြစ်ဖို့အတွက် မကွေးတိုင်းလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို မကွေးအခြေစိုက် RFA သတင်းထောက် ကိုဇော်တူးက ပေးပို့ထားပါတယ်။
2017-02-23
မြန်မာနိုင်ငံရခိုင်ဒေသမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက စစ်ဆင်ရေးများကို ရပ်လိုက် ချိန်မှာ ဒေသတွင်းကို ငွေမဲတွေနဲ့ အကြမ်း ဖက်သမားတွေ ထိုင်းနိုင်ငံဘက်ကနေ ဝင်ရောက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ထောက်လှမ်းရေးသတင်းရပ်ကွက်ကိုးကားပြီး ဂျိမ်း အကြမ်းဖက်မှုနဲ့ လုံခြုံရေးဆိုင်ရာ စောင့် ကြည့်သတင်းစဉ်မှာ ဖေါ်ပြထားပါတယ်။
2017-02-23
ရန်ကုန်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံ ခဲ့ရတဲ့ ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း သူ ဦးနေဝင်းတို့အတွက် NLD က ဦးဆောင်ပြီး လာမယ့် တနင်္ဂနွေနေ့ ကျင်းပမယ့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်း အနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ ကြားသိရကြောင်း ဧရာဝတီ သတင်းဌာနက ပြောပါတယ်။
2017-02-23
ရခိုင်ပြည်နယ် မောင်တောဒေသက ဒုက္ခသည်တွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေကို Nautical Aliya နော့ တီကယ် အလီယာ သင်္ဘောနဲ့ သွားရောက်လှူဒါန်းပြီး မလေးရှားနိုင်ငံကို မနေ့က ပြန်လည်ရောက်ရှိလာတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က သွားရောက်ကြိုဆို ဂုဏ်ပြုခဲ့ပါတယ်။
2017-02-23
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင် ငံခြားရေးုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒိန်းမတ် သံအမတ်ကြီးနဲ့ ဗြိတိန်သံရုံး ဒုတိယအကြီးအကဲ တို့ ကို နေပြည်တော်မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က တွေ့ဆုံ ခဲ့ပါတယ်။
2017-02-23
မြန်မာပြည် မြောက်ပိုင်းနယ်စပ်ဒေသက တိုက်ပွဲတွေဟာ စိုးရိမ်ရေမှတ်ကိုရောက်နေ ပြီး၊ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုလည်း ခြိမ်းခြောက်နေပြီလို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ ပေါက်ယူချမ်းက ဒီရက်ပိုင်းပန်းခမ်းမှာကျင်းပနေတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ညီလာခံမှာ သတိပေးပြောဆို လိုက်ပါတယ်။
2017-02-23
ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည် တည်ဆောက်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ တက်ရောက် ခဲ့ကြသူတွေထဲမှာ ၁၉၆၂ ခုနှစ် ကျောင်းသားမျိုးဆက်တွေဖြစ် တဲ့ ဦးလှရွှေ၊ ဦးလေးမြင့် တို့ပါဝင်တယ်ဆိုပြီး ဒီနေ့ထုတ် နိုင် ငံပိုင် သတင်းစာတွေမှာ ရေးသားချက်ဟာ မှားယွင်းဖော်ပြ တာဖြစ်သလို၊ ဦးလှရွှေရဲ့ အမည်ကို ကြက်လှရွှေ လို့ သုံးနှုန်းထားတာကလည်း စစ်အစိုးရခေတ်ကလို သိက္ခာ ချရာရောက်တယ်လို့ ဦးလှရွှေ က RFA ကို ပြောပါတယ်။