ဦးကိုနီနဲ့ ဦးနေဝင်း ဂုဏ်ပြုပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မယ်


2017.02.23
koni-naywin-funeral-620.jpg ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း တို့ရဲ့ ရုပ်အလောင်းကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ သဂြိုဟ်ခဲ့ပါတယ်။
Photo: Kyaw Zaw Win/RFA

ရန်ကုန်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်းသူ ဦးနေဝင်းတို့အတွက် NLD က ဦးဆောင်ပြီး လာမယ့် တနင်္ဂနွေနေ့ ကျင်းပမယ့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မယ်လို့ ကြားသိရကြောင်း ဧရာဝတီ သတင်းဌာနက ပြောပါတယ်။

ရန်ကုန် NLD ရုံးချုပ်က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုးဝင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးကိုနီနဲ့ ဦးနေဝင်း တို့ သေဆုံးခဲ့ရတဲ့ ရက်ပိုင်းတွေက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေနဲ့ အလွန်အမင်း အလုပ်များနေခဲ့ကြောင်း ဒါပေမဲ့ အဲဒီ လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အထူးကြေကွဲဝမ်းနည်းနေကြောင်း ပြောပါတယ်။

ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပမယ့် အခမ်းအနားကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်လည်း တက်ရောက်မယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။