သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-24
လက်ရှိအစိုးရလက်ထက်မှာ ဥပဒေ စည်း မျဉ်းစည်းကမ်းတွေနဲ့ မညီဘဲ မှတ်ပုံတင် ထုတ်ပေးတဲ့ ဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းစည်း ကမ်း ဖောက်ဖျက်တဲ့ လဝက ဝန်ထမ်း ၄၀ ကျော်ကို အရေး ယူဆောင်ရွက်ထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကနေ သိရပါတယ်။
2016-11-24
တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ မူဆယ်မြို့ပေါ်မှာ ဒီကနေ့မနက်ပိုင်းကစပြီး အခြေအနေတွေ ပုံမှန်ပြန်ဖြစ်လာနေသလို၊ တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့ကို တိမ်းရှောင်နေတဲ့ မူဆယ်မြို့ခံတွေလည်း ပြန်လာနေကြပြီ ဖြစ်ပါတယ်။
2016-11-24
ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံဘက်က စစ်ပြေးဒုက္ခသည်တွေ တချို့ မြန်မာနိုင်ငံကို ပြန်သွားကြသလို၊ တချို့ကိုတော့ တရုတ်နိုင်ငံက ယာယီဒုက္ခသည်စခန်းဖွင့်ပြီး အကူအညီပေးနေပါတယ်။
2016-11-24
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းတွင်းမြစ်ရိုးတလျောက်မှာ ကုမ္ပဏီတရာကျော် က ရွှေတူးဖော် နေတာတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ ဒေသခံ တိုင်းရင်းသားတွေ က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2016-11-24
ရခိုင်ပြည်နယ်ပြန်လည် တည်ငြိမ်ရေးအတွက် နိုင်ငံတော်အစိုးရကလိုအပ်သောအစီအမံများချမှတ် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြည်သူ့လွှတ်တော်ကိုတင်သွင်းဖို့ ကြိုးစားပေမယ့် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က အဆိုကို ဒီကနေ့ လွှတ်တေ်ာဥက္ကဌ ရုံးမှာ ပယ်ချလိုက်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံ ရှင်းလင်းခဲ့ပါတယ်။
2016-11-24
ပြည်တွင်း ပြည်ပက နိုင်ငံရေး သိပ္ပံပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မဟာဗျူဟာ နဲ့ မူဝါဒဆိုင်ရာလေ့လာရေးအဖွဲ့ (မြန်မာ) က လုံခြုံရေးဆိုင် ရာ ပြုပြင်ပြောင်းလဲရေး၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ နိုင်ငံသားဖြစ်မှု စတဲ့ ကဏ္ဍတွေမှာ သုတေသန ပြုလုပ်နေပါတယ်။
2016-11-24
ရန်ကုန်တိုင်းအတွင်းမှာ အမှန်တကယ် နေစရာမရှိလို့ ကျုးကျော်နေထိုင်သူတွေကို စာရင်းအတိအကျ ကောက်ယူပြီး နေရာချပေးသွားမယ်လို့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့ မေလက ပြောထားပါတယ်။
2016-11-24
အိန္ဒိယအစိုးရက သိမ်းဆည်းလိုက်တဲ့ ရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို လက်ဝယ်ရှိနေတဲ့ အိန္ဒိယ - မြန်မာ နယ်စပ်က မြန်မာကုန်သည်တွေအနေနဲ့ လဲလှယ်ဖို့ အခက်အခဲ ဖြစ်နေတာကြောင့် ဈေးနှိမ် ပြီးလာဝယ်တဲ့ အိန္ဒိယနိုင်ငံသားတွေဆီမှာ ပဲ ပြန်ရောင်းနေရတယ်လို့ ကုန်သည်တွေ က ပြောပါတယ်။
2016-11-24
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံအရေအတွက် လေးသောင်းကျော်ရှိနေပြီလို့ မူဆယ်မြို့နယ် ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်း က ပြောပါတယ်။
2016-11-24
တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ကို မနေ့ကအထိ ရပ်ဆိုင်းခဲ့ပါတယ်။
2016-11-23
မသန်စွမ်းသူတွေအပါအဝင် လူတစ်ဦး ချင်းစီရဲ့ ဘဝတိုင်းဟာ တန်ဖိုးရှိကြတာ ချည်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။
2016-11-23
ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအစိုးရတွေရဲ့ ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်အရ ဒုက္ခသည် ဒုတိယအသုတ်ဟာ လာမယ့်နှစ် မှာ မြန်မာနိုင်ငံကို ပြန်ကြမယ်လို့ သိရပါတယ်။
2016-11-23
နိုဝင်္ဘာလ ၂၄ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ဝေတဲ့ တရုတ်အစိုးရပိုင် Global Times သတင်းစာက “China’s role needed for truce in Myanmar” မြန်မာပြည်တွင်း တိုက်ပွဲတွေ ရပ်စဲရေးအတွက် တရုတ်ပြည်က ပါဝင်ဆောင် ရွက်ဖို့ လိုအပ်နေပြီ ဆိုပြီး ဆောင်းပါးတပုဒ် ရေးသားလိုက် ပါတယ်။
2016-11-23
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ဆူပူမငြိမ် မသက်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်းနေပုံနဲ့ ပတ် သက်ပြီး အနောက်နိုင်ငံတွေက တနေ့တခြား စိုးရိမ်ပူပန်နေ ကြတယ်လု့ိ နေပြည်တော်နဲ့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်က ဒီကနေ့ ဗုဒ္ဓဟူးနေ့လာတဲ့ Reuters သတင်းတွေ မှာ ဖေါ်ပြထားပါတယ်။
2016-11-23
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး ဒီကနေ့ ကြေ ညာချက်တစ်စောင် ထုတ်ပြန်ကြေညာ လိုက်ပါတယ်။