ထိုင်းရောက် မြန်မာဒုက္ခသည် ဒုတိယအသုတ် အိမ်ပြန်မယ်


2016.11.23
myanmar-refugees-return-622.jpg ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည် ပထမအသုတ် အောက်တိုဘာလက ပြည်တော်ပြန်စဉ်
Photo: UNHCR/Vivian Tan

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအစိုးရတွေရဲ့ ဒုက္ခသည်ပြန်ပို့ရေးအစီအစဉ်အရ ဒုက္ခသည် ဒုတိယအသုတ်ဟာ လာမယ့်နှစ်မှာ မြန်မာနိုင်ငံကို ပြန်ကြမယ်လို့ သိရပါတယ်။

နို့ဖိုးစခန်းမှာရှိတဲ့ ဒုက္ခသည်တွေထဲက လူတစ်ရာနီးပါး ပါဝင်တဲ့ ကရင်မိသားစု ၁၅ စုဟာ လာမယ့် ၂၀၁၇ ခုနှစ်မှာ ဒုတိယအသုတ်အဖြစ် ပြန်ကြဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါ့အပြင် ပြန်ကြမယ့် စာရင်းထဲမှာ ကျောင်းသားတွေ လည်း ပါဝင်တယ်လို့ သိရပါတယ်။

ပြန်ပို့ရေး အစီအစဉ်အရ ဒုက္ခသည်တွေကို မူလတိုင်းပြည်မပြန်ခင်မှာ ထိုင်းအစိုးရက ဒုက္ခသည် လူကြီး တစ်ဦးကို ထိုင်းဘတ်ငွေ ၈၃၀၀၊ ကလေးတစ်ဦးကို ဘတ်ငွေ ၆၅၀၀၊ မြန်မာအစိုးရက မိသားစု တစ်စုကို ကျပ်ငွေ သုံးသိန်းစီ ပေးအပ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းကဖေါ်ပြပါတယ်။

လူမှုဖူလုံရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့အဆိုအရ နေရပ်ပြန်သူတွေအနေနဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ရွှေလင်ပန်းစက်မှုဇုန်က တန်ဖိုးနည်းအိမ်ယာတွေကို ကျပ်ငွေ ၁၀ သန်းနီးပါးနဲ့ အရစ်ကျ ဝယ်ယူနေထိုင်နိုင်ကြောင်း ပြောပါတယ်။

လူဦးရေ ၆၀ ကျော်ပါဝင်တဲ့ ဒုက္ခသည် ပထမအသုတ်ဟာ ပြီးခဲ့တဲ့ လက မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ကြပြီး အများစုက မူလနေရပ်တွေဆီ ပြန်သွားခဲ့ကြပါတယ်။ အဲဒီထဲက ရန်ကုန်ကိုရောက်ရှိလာတဲ့ ၁၇ ဦးကတော့ နေထိုင် စရာမရှိတာကြောင့် လူမှုဖူလုံရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ စခန်း တစ်ခုမှာ ထားရှိတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကတော့ ပြန်ရောက်လာတဲ့ ဒုက္ခသည်တွေကို အစိုးရအနေနဲ့ အပြည့်အ၀ တာဝန်ယူစောင့်ရှောက်ဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။