၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် အခြေအနေ မေးမြန်းချက်

0:00 / 0:00

တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်ကို မနေ့ကအထိ ရပ်ဆိုင်းခဲ့ပါတယ်။ ဒီကနေ့ အခွန်ဆောင်ထားတဲ့ ကုန်စည်တွေကို တရုတ်နိုင်ငံဘက်ဆီ တင်ပို့ခွင့်ပြုလိုက်ပေမယ့် တိုက်ပွဲစဖြစ်ခဲ့တဲ့ နိုဝင်ဘာလ ၂၀ နောက်ပိုင်းမှာမှ အခွန်ဆောင်ဖို့ တင်ပြထားတဲ့ ကုန်ကားတွေကို ဆိုင်းငံ့ထားတယ်လို့ မူဆယ်နမ့်ခမ်းနယ်စပ်ကုန်သည်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဦးက ပြောပါတယ်။ ဦးထွန်းဦးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။