သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-20
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်မှုတွေ ဝေဖန်မှုတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
2011-11-20
ဒီကနေ့ မြန်မာပြည်တွင်း နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုတွေအရ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB အနေနဲ့ ဆက်လက် ရပ်တည်စရာ မလိုတော့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောပါတယ်။
2011-11-19
နမ့်ခမ်းမြို့က ကချင်အမျိုးသမီးတွေကို အစိုးရတပ်က မသင်္ကာလို့ ဆိုပြီး မနေ့က ဖမ်းဆီး ခေါ်ဆောင်သွားပြီး အခုချိန်အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။
2011-11-19
မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်ဆိုတဲ့ ကတိကဝတ်တွေ အတိုင်း အပြည့်အဝ ဆောင်ရွက်မှသာ ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာအစိုးရ တာဝန်ယူကျင်းပမယ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ကြောင်း သြစတြေလျဝန်ကြီးချုပ် မစ္စ Julia Gillard က ပြောလိုက်ပါတယ်။
2011-11-19
မြန်မာအစိုးရအနေနဲ့ ၂ဝ၁၄ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် အချိန်အထိ စောင့်မနေဘဲ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအားလုံးကို အမြန်ဆုံး လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာဘန်ကီမွန်းက သမ္မတဦးသိန်းစိန်ကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
2011-11-19
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေး အပါအဝင် အချက် (၃) ချက်အပေါ် အခြေခံပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီ မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-11-18
ထောင်ပြောင်းခံကြရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို မိသားစုတွေက ဒီကနေ့ တွေ့ဖို့ ကြိုးစားပေမဲ့ တွေ့ခွင့်မပေးတဲ့ အပြင် ထောင်ပြောင်းကြောင်း အတည်ပြု ပြောကြားတာ မရှိဘူးလို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
2011-11-18
အမေရိကန် အစိုးရနဲ့ မြန်မာ အစိုးရ အကြား ဆက်ဆံရေး တိုးမြှင့်မှုဟာ တရုတ်နိုင်ငံကို အနီးကပ် စောင့်ကြည့်ဖို့ ရည်ရွယ်ချက် မရှိတဲ့ အတွက် တိုးတက်မှု တစ်ရပ် အဖြစ် တရုတ် အစိုးရ ရှုမြင် ကြိုဆိုသင့်တယ်လို့ အမေရိကန် အစိုးရက ဒီကနေ့ ပြောလိုက်ပါတယ်။
2011-11-18
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီကို မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဒီကနေ့ နံနက် ၁၀ နာရီမှာ ပြုလုပ်တဲ့ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း အခမ်းအနားမှူး အဖြစ် ဆောင်ရွက်သူ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောပါတယ်။
2011-11-18
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်း တိုးတက်မှု အရိပ်အယောင် တချို့ မြင်တွေ့လာရပေမဲ့ မြန်မာ အစိုးရ အနေနဲ့ အပြောင်းအလဲတွေကို အခုထက် ပိုပြီး ထင်သာမြင်သာအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက ဒီကနေ့ ပြောဆိုပါတယ်။
2011-11-17
အာဆီယံနိုင်ငံတွေ အနေနဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ခေါင်းဆောင် ဖြစ်လာမယ့် မြန်မာနိုင်ငံ အတွက် လိုက်နာ ဆောင်ရွက်ရမယ့် လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေ ရှင်းရှင်းလင်းလင်း ထားရှိဖို့ လိုအပ်ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့က မနေ့က တိုက်တွန်းလိုက် ပါတယ်။
2011-11-17
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီ ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်သင့်ကြောင်း အန်အယ်လ်ဒီ လူငယ် လုပ်ငန်းများ ဖော်ဆောင်ရေး အဖွဲ့က ကြေညာချက် တစ်ရပ် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2011-11-17
ထိန်းသိမ်းခံထားရတဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တကွ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့ရုံ မဟုတ်ဘဲ ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်ကြောင်း (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2011-11-17
အမေရိကန်သမ္မတအိုဘားမားက မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတယ်ဆိုပေမဲ့ လူ့အခွင့်အရေး နဲ့ပတ်သက်ပြီး ပိုပြီးတိုးတက်ရှိအောင် လုပ်ဖို့လိုတယ်လို့ သြစတေးလျား ပါလီမန်မှာ ဒီကနေ့ ပြောလိုက်ပါတယ်။
2011-11-17
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံက ၂၀၁၄ ခုနှစ် အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အဖြစ် မြန်မာအစိုးရကို ဒီကနေ့ နေ့လည်ပိုင်းမှာ ကျင်းပတဲ့ အစည်းအဝေးကနေ တာဝန်ပေးလိုက် ပါတယ်။