မြန်မာအစိုးရက တောင်းဆိုထားတဲ့၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို အာဆီယံ ခေါင်းဆောင်တွေက ပေးအပ်လိုက်တာဟာ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ လွှတ်ပေးလိမ့်မယ်ဆိုတဲ့ ယုံကြည် မျှော်လင့်ချက်ကြောင့် ဖြစ်ကြောင်း၊ အစိုးရအနေနဲ့ တည်ငြိမ်မှုကို အကြောင်းပြပြီး နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ထိန်းသိမ်း မထားသင့်တော့ကြောင်း (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင် ကိုစိုးထွန်းက ပြောပါတယ်။ ဦးသိန်းစိန် အစိုးရ အနေနဲ့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးပြီး လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပြုဖို့သင့်တယ်လို့လည်း (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစိုးထွန်းက ပြောပါတယ်။ ကိုစိုးထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00