အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သမ္မတဦးသိန်းစိန်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ သြစတြေလျ ဝန်ကြီးချုပ်က သတင်းထောက်တွေကို အခုလို ပြောလိုက်တာပါ။

မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက် မှုတွေကို သြစတြေလျနိုင်ငံက ကြိုဆိုကြောင်း၊ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အပါအဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက်ဖြစ်ထွန်းဖို့အတွက် လုပ်ဆောင်စရာတွေ အများအပြား ကျန်နေသေး ကြောင်း မစ္စ Julia Gillard က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် ပြီး သမ္မတဦးသိန်းစိန်ကို တိုက်ရိုက် ပြောကြားခဲ့တယ်လို့လည်း မစ္စ Julia Gillard က ပြောပါတယ်။
၂ဝ၁၄ ခုနှစ်၊ မြန်မာအစိုးရ တာဝန်ယူကျင်းပမယ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ တက်မတက် ဆိုတာကို ၂ဝ၁၄ ခုနှစ်ရောက်မှသာ စဉ်းစား ဆုံးဖြတ်မှာဖြစ်ကြောင်း၊ ဆွေးနွေးပွဲတက်မယ့် နိုင်ငံတွေ အနေနဲ့ အခုအချိန်ကစပြီး ၂ဝ၁၄ ခုနှစ်အထိ မြန်မာနိုင်ငံမှာ တိုးတက် ပြောင်းလဲမှုတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ်တာကို မြင်တွေ့လိုကြတယ် ဆိုတာ သူ့အနေနဲ့ အလေးအနက် ပြောကြားလိုကြောင်း သြစတြေလျ ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။