သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-25
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ခွန်ကျေးရွာက ဒေသခံတွေကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာမြေငှား ဂရန်တွေ ဒီနေ့ ထုတ်ပေးခဲ့ပါတယ်။
2016-10-25
ထိုင်းနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံလုပ်အားခ တစ်ရက်ဘတ် ၃၆၀ သတ်မှတ်တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရထံ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးကွန်ရက် MWRN နဲ့ ထိုင်းလုပ်သားသမဂ္ဂတို့ ပူးပေါင်းတောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။
2016-10-25
မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်တို့ဟာ နှစ်နိုင်ငံနယ်စပ် လုံခြုံရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေ စိုက် မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်မှာ ဒီကနေ့ ဆွေးနွေးကြ ပါတယ်။
2016-10-25
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ၊ မော်လမြိုင်ကျွန်း နဲ့ ဟိုင်းကြီးကျွန်းမြို့တွေက ဒေသခံ တစ်သောင်းကျော်ကို မုန်တိုင်းအန္တရာယ် လွတ်ကင်းအောင် ပြောင်းရွှေ့နေရာချထားပေးနေ တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောပါတယ်။
2016-10-25
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ အချို့ဟာ မနေ့က စတင်ပြီး နေရပ်ကို ပြန်နေ ကြပြီဖြစ်ပါတယ်။
2016-10-25
လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ဒီနေ့ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-10-25
မကွေးတိုင်းအတွင်းကရေနံမြေ အလုပ်သမားတွေဟာ ဥပဒေပါ အခွင့်အရေးတွေ မရကြဘူးလို့ ရေနံချောင်းရေနံမြေ အလုပ်သမားသမဂ္ဂကခါင်းဆောင်တွေ က ေပြောကြားပါတယ်။
2016-10-25
ရန်ကုန်မြို့မှာ အမှိုက်စွန့်ပစ်ကြတဲ့အခါ ပြန်သုံးလို့ရတဲ့ ပလပ်စတစ်ဘူးခွံတွေ၊ ပုလင်းတွေနဲ့ အမှိုက်တွေရောပြီး ပစ်ကြပါတယ်။
2016-10-24
လာမယ့်၂၀၂၅ ခုနှစ်ကစပြီး ရန်ကုန်မြို့ ရဲ့ ရေပေးဝေရေးမှာ မြေအောက်ရေ သုံးစွဲမှု ရပ်ဆိုင်းမယ်လို့ ရန်ကုန်စည်ပင် သာယာရေးဌာနက ပြောပါတယ်။
2016-10-24
ပြီးခဲ့တဲ့ အပတ်အတွင်းက ဖားကန့်မြို့က သောင်းနဲ့ ချီတဲ့ ပြည်သူတွေ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက အတည်ပြုပြဌာန်းလိုက်တဲ့ ကျောက်မျက်ဥပဒေ ကို ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြကြပါတယ်။
2016-10-24
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ နေထိုင်စားသုံးမှုတွေ မရှိတာကြောင့် သွေးတိုးရောဂါနဲ့အတူ ကိုလက်စထရော (Cholesterol) မြင့်တက်တာတွေ အဖြစ်များနေတဲ့အကြောင်း မသင်းသီရိက တင်ပြထားပါတယ်။
2016-10-24
ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်မှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေကို ဒီနေ့ စတင် ဖွင့်လှစ်ပေမယ့် လုံခြုံရေးအခြေအနေအရ မြို့နယ်အားလုံးက ကျောင်းတွေကို ဖွင့်လှစ်နိုင်ခြင်းမရှိသေး ဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။
2016-10-24
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးတင်မောင်တိုး အပါအဝင် ၄ ဦးကို ပါတီကနေ ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ပါတီဗဟိုက ဖွဲ့စည်း ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီကနေ့မှာ ပါတီရဲ့ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကို ခေါ်ယူစစ်ဆေး ခဲ့ပါတယ်။
2016-10-24
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ တဲ့ နိုင်ငံရေးပါတီတွေ ၂၁ ရာစု ပင်လုံ ညီလာခံမှာ ပါဝင်ခွင့် မရရှိခဲ့တဲ့အတွက် ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံ နိုင်ငံရေးပါတီတချို့က ဒီနေ့ တင်ပြခဲ့ကြပါတယ်။
2016-10-24
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ လက်ရှိအချိန်ထိ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းဒေ သတွေနဲ့ နီးကပ်နေတဲ့အတွက် အနီရောင်အဆင့်သတ်မှတ် ထားကြောင်း မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထပ်မံ သတိပေးထားပါတယ်။