သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-22
မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကာကွယ်ဆေးတွေ ပထမဆုံးအကြိမ် မနေ့က ရောက်ရှိလာခဲ့ပါတယ်။ ဒီဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို အချိန်လုပြီး စမ်းသပ် ထုတ်လုပ်ခဲ့ရတာဖြစ်လို့ လုံခြုံစိတ်ချရမှုအတွက် စိုးရိမ်ပူပန်နေသူ တချို့လည်း ရှိပါတယ်။ ဆရာဝန်တွေကတော့ ဆေးထိုးဖို့ ထောက်ခံပြောဆိုကြသလို ဆေးထိုးပြီး မတော်တဆဖြစ်လာရင် အရေးပေါ်ပြုစုဖို့လည်း မြန်မာဆေးပညာရှင်တွေက ဆွေးနွေး စီစဉ်နေတယ်လို့ သိရပါတယ်။
2021-01-22
ချောင်းသာကမ်းခြေမှာ မြေယာအငြင်းပွားမှု သတင်းရေးတဲ့ သတင်းထောက် နှစ်ဦးက ဧရာဝတီတိုင်း မြေစစ်ကော်မတီကို ပြန်လည်ရှင်းလင်း တောင်းပန်တယ်လို့ တိုင်းအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ သိမ်းဆည်းခံ မြေဧက ၅၀ လောက်ထဲက တဝက်ကျော်ကို လုပ်ငန်းရှင် တယောက်ထဲကို ပြန်ပေးလိုက်တဲ့အတွက် နစ်နာမှုတွေ ရှိတယ်ဆိုပြီး ဒေသခံတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ရှင်းလင်းထားတာပါ။
2021-01-22
ကမ္ဘာတဝှမ်းမှာ လူပေါင်း သန်း ၆၀ ကျော်ဟာ မျက်စိအတွင်းတိမ်ဝေဒနာ ခံစားနေရပါတယ်။ အတွင်းတိမ် ဖြစ်တာဟာ မျက်စိအမြင်လွှာ ပျက်စီးခြင်းရဲ့ အဓိက ရောဂါတစ်ခုပဲဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ဒီရောဂါက အဖြစ်အများဆုံး ရောဂါတွေထဲက တခုပါ။
2021-01-22
မြို့နယ် ကိုးခုရှိတဲ့ ချင်းပြည်နယ်မှာ အစိုးရ မဟာဓာတ်အားလိုင်းကပေးတဲ့ လျှပ်စစ်မီးကို မြို့နယ် သုံးခုမှာ မရသေးဘဲ ရရှိထားတဲ့မြို့တွေမှာလည်း မြို့ပေါ်မှာသာ လျှပ်စစ်မီးကို သုံးစွဲရပါတယ်။ ဒါကြောင့် ဒေသခံအများစုဟာ ရေအားလျှပ်စစ်နဲ့ ဆိုလာလျှပ်စစ်မီးတွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ အသုံးပြုနေရပါတယ်။
2021-01-22
မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်ဌာနချုပ် အသီးသီးမှာ မူးယစ်ဆေးဖြတ်ဖို့ ရောက်လာသူတွေ နဲ့ မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးခံထားရသူ များလာတာကြောင့် ဆေးဝါးတွေ လိုအပ်နေပြီး စားနပ်ရိက္ခာနဲ့ နေစရာလည်း အခက်အခဲရှိနေပါတယ်။
2021-01-22
အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပထမဆုံးပို့တဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံးတစ်သန်းခွဲ ရန်ကုန်မြို့ကို ဇန်နဝါရီလ ၂၂ ရက်နေ့ ဒီနေ့ ရောက်ရှိလာပါတယ်။
2021-01-22
ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ တစ်လအတွင်း တရားဝင် နေထိုင်လုပ်ကိုင်ခွင့် လက်မှတ်အသစ် ပန်းရောင်ကတ်လုပ်ဖို့ ကိုယ်ရေးအချက်အလက်တွေကို အွန်လိုင်းကနေ သွင်းခွင့်ပေးနေပါပြီ။
2021-01-22
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲက တပ်မတော်နဲ့ KNU တပ်တွေ စစ်ရေး တင်းမာနေတဲ့နေရာ စစ်ပြေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အသုံးပစ္စည်းတွေ သွားပို့ပေးဖို့ အခက်အခဲတွေ ရှိနေပါတယ်။
2021-01-22
ရွေးကောက်ပွဲ မဲမသမာမှုတွေကို တာဝန်ယူဖြေရှင်းပေးဖို့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူတချို့ စုပေါင်းပြီး ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာကွင်းမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2021-01-22
အိန္ဒိယနိုင်ငံကနေ မှာယူထားတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေး တစ်သန်းခွဲ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နောက်တစ်ပတ်အတွင်းမှာ လူ ခုနစ်သိန်းခွဲကို ကာကွယ်ဆေးထိုးပေးမှာ ဖြစ်ပါတယ်။
2021-01-22
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာက တမီးလ်လူမျိုး လယ်သမား ၁၅ ဦးကို တပ်မတော် က ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်ထားပါတယ်။
2021-01-22
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ကွင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ဇန်နဝါရီလအတွက် အစိုးရရဲ့စားနပ်ရိက္ခာ ထောက်ပံ့မှုမရသေးလို့ ဆန်ရိက္ခာ ပြတ်လပ်နေတယ်လို့ စခန်းစီမံခန့်ခွဲရေးကော်မတီ ခေါင်းဆောင် ဦးမောင်အေးရွှေက RFA ကိုပြောပါတယ်။
2021-01-22
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရရုံးစိုက်ရာ ပြည်ထောင်စု နယ်မြေဖြစ်တဲ့ နေပြည်တော်မှာ လူ ၃၀ ထက်ပိုပြီး စုဝေးရင် တည်ဆဲဥပဒေတွေနဲ့ ထိထိရောက်ရောက် အရေးယူမှာဖြစ်ပြီး မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ နေပြည်တော်ကောင်စီ က ဇန်နဝါရီလ ၂၂ ရက် မနေ့က ကြေညာလိုက်ပါတယ်။
2021-01-22
၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေကို မဖြေရှင်းဘဲ လွှတ်တော်သစ်ခေါ်တာ၊ မဲမသမာမှုတွေနဲ့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရသစ် အလိုမရှိကြောင်း ဒီနေ့ ကရင်ပြည်နယ် မြဝတီမြို့မှာ လူ ၁၀ ယောက်ကျော်က PPE ဝတ်စုံဝတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
2021-01-21
ကိုဗစ်ကာကွယ်ဆေးကို မြန်မာပြည်မှာ မကြာခင် စတင်ထိုးနှံမှာဖြစ်ပေမယ့် လူများစုရရှိရေးအတွက် အချိန်ကာလ တခုကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ ဒီအတောအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ကမ္ဘာတဝန်း ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍပေါင်းစုံ အကြီးအကျယ် ထိခိုက်နေရာမှာ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံတွေက ဒီဒုက္ခတွေကို ပိုမိုခံစားနေရပါတယ်။