သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-27
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ညမထွက်ရ အမိန့်ကို နောက်ထပ် ၂ လ တိုးမြှင့်လိုက်ပါတယ်။
2017-12-27
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ နဲ့ သတင်းလွတ် လပ်ခွင့်ရရှိဖို့အတွက် သတင်းသမားတွေ၊ အရပ်ဖက်အဖွဲ့တွေ၊ ကျောင်းသား သမဂ္ဂတွေနဲ့ တောင်သူလယ်သမား ၁၀၀ လောက်က ပြည်မြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-12-27
ရှစ်လေးလုံး (၈၈၈၈) နာမည်နဲ့ နိုင်ငံရေး ပါတီတည်ထောင်မယ့်ကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အထိ စာပေးပို့ကန့်ကွက်သွားမယ်လို့ ၈၈ ပဲခူးတိုင်းအနောက်ခြမ်း အထွေထွေ သပိတ်ကော်မတီက ဦးချစ်ဆောင်ဦး က ဒီနေ့ ပြောပါတယ်။
2017-12-27
နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း အသက် ၉ လကနေ ၁၅ နှစ်အရွယ် ကလေးငယ်တွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပေးရာမှာ ကလေးငယ် ၁၄ သန်းနီးပါးကို ထိုးပေးဖို့ လျာထားခဲ့ပေ မယ့် ဆေးမထိုးတဲ့ ကလေးငယ် ၁ သန်းနီးပါး ကျန်ခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦး က ဒီနေ့ ပြောပါတယ်။
2017-12-27
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဗန်ကပိမြို့နယ်ထဲက IPD ပါကင်ဗူးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား အယောက် ၃၉၀ လောက်ကို အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်လိုက်တဲ့ အတွက် တရားစွဲဆိုသွားမယ်လို့ အလုပ်သမားတွေက ဒီနေ့ ပြောပါတယ်။
2017-12-27
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနက အဆင့်မြင့်ဈေးသစ်ကြီး တည်ဆောက် မယ့် လုပ်ငန်းတွေ နဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်လူမှု ကွန်ရက်စာမျက်နှာမှာ ဝေဖန်ရေးသားခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီ ဝင်တစ်ဦးဖြစ်သူ ဦးနှင်းထွန်းတိုး ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပုဒ်မ ၆၆(ဃ)နဲ့ စစ်တွေမြို့မ ရဲစခန်းမှာ အမှုဖွင့်တရားစွဲဆိုထားပါတယ်။
2017-12-27
မန္တလေးမြို့မှာ အစိုးရသစ်ဖြုတ်ချရေး သပိတ်မှောက်ခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားရင်ဆိုင်နေရတဲ့ သံဃာ ၆ ပါးကို ချမ်းမြသာစည်မြို့နယ်တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ၆ လ စီ အမိန့်ချမှတ်လိုက်ပါတယ်။
2017-12-27
နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃နဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ဒီကနေ့ မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ယူခဲ့ပါတယ်။
2017-12-27
မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားစေလွှတ်မှု ရပ်ဆိုင်းထားတာ တစ်နှစ်ကျော် ကြာမြင့်သွားပြီဖြစ်ပြီး၊ အလုပ်သမား ပြန်လည်စေလွှတ်နိုင်ရေးအတွက်အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအဖွဲ့ချုပ် MOEAF တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-12-27
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ် ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ မှိုင်းရာပြည့်၊ ၇၄-၇၅ အဖွဲ့ စတဲ့ နိုင်ငံရေးအင်အားစု အဖွဲ့ ၂၀ လောက်က တိုးတက်သောဒီမိုကရက်တစ် အင်အားစု Progressive Democratic Force ဆိုတဲ့ နာမည်နဲ့ အစုအဖွဲ့တရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။
2017-12-27
နေပြည်တော်က လွှတ်တော်အဆောက်အအုံကို ဒရုန်းနဲ့ရိုက်ကူးဖို့ ကြိုးစားနေစဉ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တူရကီနိုင်ငံ အခြေစိုက် TRT သတင်းဌာနက နိုင်ငံခြားသား သတင်းထောက် ၂ ဦးနဲ့ မြန်မာနိုင်ငံသား စကားပြန်အပါအဝင် ယာဉ်မောင်းတစ်ဦး စုစုပေါင်း ၄ ဦးတို့ရဲ့ အမှုကို တရားလိုဘက်က ပြန်လည်ရုပ်သိမ်းဖို့ လျှောက်ထားခဲ့တာနဲ့ပတ်သက်ပြီး သူတို့ရဲ့ရှေ့နေ ဦးခင်မောင်ဇော် ကို RFA အဖွဲ့သူ မခင်ခင်အိ က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-12-27
ရှမ်းပြည်နယ်ထဲမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုလူထုတွေ့ဆုံဆွေးနွေးပွဲတွေကို တပ်မတော်က တားမြစ်တာကြောင့် ရပ်နားထားရပေမယ့် ပြန်လည်လုပ်နိုင်ဖို့ RCSS အဖွဲ့က ဦးဆောင် ဆွေးနွေးညှိနှိုင်းနေတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောပါတယ်။
2017-12-26
စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့က ဒေါ်ခင်ကြည်ရိပ်သာကို လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ တိုင်းအစိုးရအဖွဲ့ ဘတ်ဂျက်နဲ့ ပြန်လည်ပြုပြင်သွားမယ်လို့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင် က ပြောပါတယ်။
2017-12-26
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က တပ်သား ၃ ဦး နဲ့ အရပ်သား ၁ ဦးတု့ိ သတ်ဖြတ်ခံရတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နှောင့်နှေးစေနိုင်တဲ့အတွက် တပ်မတော်ဘက်က ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးရေးနဲ့ တရားမျှတမှုပေါ်ပေါက်ရေး အမြန်ဆုံးဖော်ဆောင်ပေးဖို့ဆိုပြီး UNFC က ဒီကနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2017-12-26
ရှမ်းပြည်နယ်တောင်ကြီးမြို့မှာရှိတဲ့ စဝ်စံထွန်းသမိုင်းဝင်ဆေးရုံဟောင်းကို ပြန်လည်မွန်းမံပြင်ဆင် ပြီး ကုသမှု ပိုမိုတွင်ကျယ်အောင်ဆောင်ရွက်ဖို့အတွက် ရှရှားနဲ့ ကုလသမဂ္ဂတို့ သဘောတူခဲ့ကြ ပါတယ်။